
ဖေဖော်ဝါရီ ၁၃ရက် ဗိုလ်ချုပ်မွေးနေ့မှာ ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်မယ့် ကလေးပြုစုရေးဌာန(နေပြည်တော်)အဆောက်အဦ ပန္နက်တော်တင် အခမ်းအနားကို ပြုလုပ်ခဲ့ ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ရင်ခွင်မဲ့ ကလေးငယ်များ ပြုစုရေးဂေဟာကို ပန္နက်တော်တင်ပေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်က ရင်ခွင်မဲ့ကလေးငယ်များပြုစုရေးဌာန အဆောက်အဦကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိရပ်ကွက်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။
အဆောက်အဦကို ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနဲု့ ကာကွယ်စောင့်ရှောက်ရေး အသင်း (မြန်မာ)က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကို လှူဒါန်းတာ ဖြစ်ပါတယ်။
ပန္နက်တော်တင်အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဇနီး ဒေါ်ချိုချို၊ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်နဲ့ တာဝန်ရှိသူတွေ အလှူရှင်တွေ တက်ရောက်ကြပါတယ်။











