DVB Logo
Home
မြန်မာသတင်း
၁၀၄ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင်  မုံရွာလူငယ်များ မြင်းစီးဂုဏ်ပြု
DVB
·
February 13, 2019
၁၀၄ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင်  မုံရွာလူငယ်များ မြင်းစီးဂုဏ်ပြု
1 / 12
Donate to DVB

အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၄ နှစ်မြောက်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့ရှိ လူငယ်တွေက မြင်းစီးပြီး ဗိုလ်ချုပ် ကြေးရုပ်တုကို လာရောက် ဂါရဝပြုခဲ့ကြပါတယ်။

ပဲပြုပ်နဲ့နံပြားလို့ အမည်ပေးထားတဲ့ လူငယ်များအဖွဲ့က မြင်း ၁၇ ကောင်နဲ့ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇောတိကကျောင်းရှေ့ကနေ ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်းနဲ့ ဘူတာလမ်း အတိုင်းစီတန်းကာ မြင်းစီး ချီတက်ခဲ့ကြပြီး ကြေးရုပ်ကို ပတ်ကာ အလေးပြုခဲ့ကြတာပါ။

စီစဉ်သူ ကိုအောင်ဇော်မင်းသိန်းက “အဓိကကတော့ ဗိုလ်ချုပ်ကို ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်ရှိတဲ့သူတွေက ကျနော်တို့ ပဲပြုတ်နဲ့ နံပြားအဖွဲ့ကို လာဆက်သွယ်တယ်။ ဒီလိုပဲ မြင်းနဲ့ ဂုဏ်ပြုချင်တယ်ပေါ့။ ဒါနဲ့ ကူညီပေးတာပါ။ ဗိုလ်ချုပ်ကို ချစ်ခင်ကြတဲ့သူတွေ၊ လေးစားကြတဲ့သူတွေ၊ စိတ်တူကိုယ်တူ ဆန္ဒတူတဲ့သူတွေ စုစည်းပြီးတော့ လုပ်ဖြစ်တာပါ။”လို့ ပြောပါတယ်။

မုံရွာမြို့မှာ အရင်က အခုလို မြင်းတွေနဲ့ ဗိုလ်ချုပ်မွေးနေ့မှာ ဂုဏ်ပြုတာမရှိခဲ့တဲ့အတွက် အထူးအဆန်းအဖြစ် ကြည့်ရှုသူတွေလည်း များပြားခဲ့ပါတယ်။ ခွင့်ပြုမိန့်မှာ မြင်း ၂၅ ကောင်တင်ထားပေမယ့် မြင်းစီးမယ့်သူမရှိတဲ့အတွက် မြင်း၁၇ ကောင်သာစီးပြီး ဂုဏ်ပြုခဲ့ရ တယ်လို့ ဆိုပါတယ်။

ဒီမနက်ပိုင်းကလည်း မြို့ပေါ်နေရာတချို့မှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် ပဲပြုတ်နဲ့ နံပြားစတုဒီသာကျွေးမွေးခဲ့သလို ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အစိုးရကနေ ဦးဆောင်ကာ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013