DVB Logo
Home
Lead Story
၁၀၄ နှစ်ပြည့် ဗိုလ်​ချုပ်​​အောင်​ဆန်းမွေးနေ့ ဗိုလ်ချုပ်ပြတိုက်​မြင်​ကွင်း (ဓာတ်ပုံ)
DVB
·
February 13, 2019
၁၀၄ နှစ်ပြည့် ဗိုလ်​ချုပ်​​အောင်​ဆန်းမွေးနေ့ ဗိုလ်ချုပ်ပြတိုက်​မြင်​ကွင်း (ဓာတ်ပုံ)
1 / 9
Donate to DVB

ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်​ချုပ်​​အောင်​ဆန်းရဲ့ ၁၀၄ နှစ်​ပြည့်မွေးနေ့မှာ ရန်ကုန်မြို့ရှိ ​ဗိုလ်​ချုပ်​​အောင်​ဆန်းပြတိုက်​ကို အများပြည်သူတွေ လာရောက်ကြည့်ရှု လေ့လာနေကြပါတယ်။

နိုင်ငံခြားသားတွေအပါအ၀င် အနယ်နယ်အရပ်ရပ်ကနေ ပြတိုက်ကို လာရောက်ကြသူတွေအတွက် အလှူရှင်တွေက  ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ပဲပြုတ်နဲ့နံပြား စတုဒီသာ ကျွေးမွေးနေပါတယ်။

ပြတိုက်အတွင်းတော့ ဗိုလ်ချုပ် သုံးစွဲခဲ့တဲ့ အသုံးအဆောင်၊ အ၀တ်အထည်၊ ပရိဘောဂ၊ ဓာတ်ပုံ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့တဲ့ စာအုပ်တွေနဲ့ ဗိုလ်ချုပ်စီးခဲ့တဲ့ မော်တော်ကား စတာတွေကို ကြည့်ရှုခွင့် ရမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပုံမှန်ဖွင့်လှစ်ပြသနေတာဖြစ်ပေမယ့် မွေးနေ့ရက်တွေ မှာတော့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ ပိုပြီး စည်ကားလို့ နေပါတယ်။

ဗိုလ်ချုပ်ပြတိုက်အဆောက်အဦကို ၁၉၂၁ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားတဲ့ ၂၀ရာစု ဥရောပပုံစံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိပြတိုက်ဖွင့်လှစ်ထားတဲ့ နေအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ   မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ် မေလကနေ ၁၉၄၇ခုနှစ် ဇူလိုင်လထိ ၂နှစ်တာ နေထိုင်ခဲ့ပါတယ်။

စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013