DVB Logo
Home
မြန်မာသတင်း
ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ကို ကချင်လူ့အခွင့်အရေးဆု ချီးမြှင့်
DVB
·
February 13, 2019
ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ကို ကချင်လူ့အခွင့်အရေးဆု ချီးမြှင့်
Donate to DVB

စစ်​ပွဲကြားပိတ်​မိ​နေ​တဲ့ ပြည်​သူတွေ လွတ်​​မြောက်​​ရေး ဦး​ဆောင်​လှုပ်​ရှားရင်း ဖမ်းဆီး​​ထောင်​ချခံထားရတဲ့ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို Kachin Human Right Award ဆုချီးမြှင့်လိုက်ပါတယ်။

နိုင်ငံတကာမှာရှိနေတဲ့ World Kachin Congress က ချီးမြှင့်တာဖြစ်ပြီး ဒီဆုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ကချင်ရိုးရာမနောင်ကွင်းမဂျွယ်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

“ဒီ award ကျတော့  World Kachin Congres ဆိုတဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ ကချင်တွေ အားလုံးပူးပေါင်းပြီးမှ ချီးမြှင့်တာဖြစ်တယ်။ ဒီမနောကွင်းမှာက ဆုတောင်းပွဲနဲ့အတူ သူတို့ကို ချီးမြှင့်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့အတူ award ချီးမြှင့်ပေးပါတာဖြစ်တယ်” လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

Kachin Human Right Award အနေနဲ့ ဂုဏ်ပြု မှတ်တမ်ပေးအပ်သလို ထောင်ကျနေတဲ့ သူတို့ ၃ ဦးရဲ့ မိသားတွေကို ကချင်လူထုတွေက စုပေါင်းထည့်ဝင်ထားတဲ့ အလှူငွေတွေလည်း ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီလိုချီမြှင့်ရတာနဲ့ပတ်သက်ပြီး ဆွတ်ဆိုင်းထွယ်က “အဓိက ရည်ရွယ်ချက်က နန်ပူ၊ လွမ်းဇောင်း၊ ဦးဇော်ဂျက်ပေါ့နော် သူတို့တွေကိုပဲ ဖမ်းသွားတယ်လို့ မယူဆဘူးပေါ့နော်။ ဒါ ကချင်တမျိုးသားလုံးအပေါ်မှာ မတရားတဲ့အမှုကို လုပ်လိုက်တယ်လို့ ခံယူတဲ့အတွက်ကြောင့်မို့လို့ ဒီဆုကို ချီးမြှင့်တာလည်းပါတယ်။ နောက်တခုကတော့ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ကချင်လူငယ်ထုအနေနဲ့ ပိုပြီးမှာ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွေမှာ၊ တရားမျတမှု လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွနဲ့ ပိုပြီးမှ ပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီဆုကို ပေးရခြင်းဖြစ်ပါတယ်”  လို့ ပြောပါတယ်။

တိုက်ပွဲကြားမှာ ပိတ်​မိနေတဲ့ ပြည်​သူတွေ လွတ်​​မြောက်​ရေး ကြိုးပမ်း​မှုကြောင့် တပ်​မ​​တော်ရဲ့ တရားစွဲဆိုခံရ​တဲ့  ဦး​ဇော်​ဂျက်​၊ ဦးလွမ်း​ဇောင်းနဲ့ ​ဒေါ်နန်​ပူတို့ဟာ ဒီဇင်ဘာလ ၇ ရက်က ထောင်​ဒဏ်​ ၆ လနဲ့ ​ငွေဒဏ်​ကျပ်​ငါးသိန်းစီ ချမှတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013