DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း ၁၀၄ နှစ်မြောက်မွေးနေ့ ညောင်လေးပင်တွင် ပဲပြုတ်နံပြားကျွေး
DVB
·
February 13, 2019
ဗိုလ်ချုပ်အောင်ဆန်း ၁၀၄ နှစ်မြောက်မွေးနေ့ ညောင်လေးပင်တွင် ပဲပြုတ်နံပြားကျွေး
1 / 8
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက် မနက်က ကျောင်းသားကျောင်းသူတွေ ပရဟိတအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ပဲပြုတ်နဲ့ နံပြားတွေ ကျွေးမွေးလှူဒါန်းခဲ့ကြ ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့တာတွေကို မျိုးဆက်သစ်လူငယ်တွေ အမြဲတမ်းအမှတ်ရစေဖို့၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်နဲ့ အကျင့်ကောင်းတွေကိုအတုယူတက်စေဖို့နဲ့ ဗိုလ်ချုပ်မွေးနေ့ကို အမြဲတမ်း သတိရမှတ်သာစေဖို့ ရည်ရွယ်ချက်ပြီး ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ကြိုက်နှစ်သက်တဲ့ ပဲပြုတ်နဲ့ နံပြားလှူဒါန်းရတာလို့ ဦးမျိုးမင်းက ပြောပါတယ်။

“ကြည်ရေပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်ဆိုတဲ့စကားဟာ သိပ်ချစ်စရာကောင်းတဲ့ အသုံးအနှုန်းဖြစ်ပြီး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမယ့် အမိန့်သံမပါဘဲ ရရင်စားချင်တယ်ဆိုတဲ့ စကားသုံးသွားတာဟာ ဗိုလ်ချုပ်ရဲ့ နူးညံ့တဲ့ နှလုံးသားကိုမြင်မိကြမှာဖြစ်တယ်၊ ဗိုလ်ချုပ်ကို လေးစားချစ်ခင်တာကြောင့် ဗိုလ်ချုပ်မွေးနေ့မှာ သူသိပ်ကြိုက်တဲ့ ပဲပြုတ်နဲ့နံပြားကို ကျွေးမွေး လှူဒါန်းရတာဖြစ်တယ်”

ညောင်လေးပင်မြို့ ဗိုလ်ချုပ်ရုပ်တုရှေ့မှာ ဗိုလ်ချုပ်ကြိုက်နှစ်သက်တဲ့ ပဲပြုတ်နဲ့နံပြားကို ကျွေးမွေးလှူဒါန်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က နက်မောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ မသမာသူတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် အသက် ၁၀၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013