DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြိတ်မြို့တွင် လူထုနှင့်တွေ့ဆုံမည်
DVB
·
February 13, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြိတ်မြို့တွင် လူထုနှင့်တွေ့ဆုံမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မွန်းလွဲပိုင်းမှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကို လာရောက်ပြီး  ဒေသခံ လူထုနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မြိတ်မြို့ လူထုတွေ့ဆုံပွဲမှာ နေရာအခက်ခဲရှိလို့ အားလုံးနဲ့ မတွေ့ဆုံနိုင်တာကြောင့် မြို့ရဲ့ အချက်ချာကျတဲ့နေရာတွေမှာ LED ဘုတ်ကြီးတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း မြိတ်ပုလဲကျွန်းကိုလည်း သွားရောက်ဖို့ရှိသလို တနင်္သာရီတိုင်းဝန်ကြီးချုပ် ကိုတိုင်ကြားထားသူတွေနဲ့လည်းတွေ့ဆုံဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်ရိုက်တိုင်ကြားနိုင်မယ့် တိုင်ကြားစာလက်ခံရေး ဌာနကိုလည်း ခရီးစဉ်မစခင် ရက်ပိုင်းအလိုကတည်းက စတင် လက်ခံဆောင်ရွက်ပေးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကော့သောင်းမြို့ကို သွားရောက်မှာဖြစ်ပြီး ၁၅ ရက်နေ့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ကာ  မွန်းလွဲပိုင်းမှာ ထားဝယ်မြို့ကို ဆက်လက်ထွက်ခွာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနင်္သာရီတိုင်းကို ၆ ကြိမ်မြောက်ခရီးစဉ်ရောက်တာ ဖြစ်ပြီး အန်အယ်လ်ဒီပါတီ အစိုးရတက်လာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013