DVB Logo
Home
မြန်မာသတင်း
နယူးဒေလီမြို့ ဟိုတယ်မီးလောင်မှုတွင် ဗုဒ္ဓဂါယာဘုရားဖူးသွား မြန်မာအမျိုးသမီး ၂ ဦးသေဆုံး (ရုပ်သံ)
DVB
·
February 13, 2019
နယူးဒေလီမြို့ ဟိုတယ်မီးလောင်မှုတွင် ဗုဒ္ဓဂါယာဘုရားဖူးသွား မြန်မာအမျိုးသမီး ၂ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဟိုတယ်တခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း ဗုဒ္ဓဂါယာ ဘုရားဖူးသွားတဲ့ မြန်မာအမျိုးသမီး ၂ ဦးသေဆုံးပြီး  ၁ဦး ဒဏ်ရာရရှိသွားတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၄ နာရီခွဲလောက်က  နယူးဒေလီမြို့၊ ကာရိုဘာဂအရပ်ရှိ Arpit Hotel မှာ မီးလောင်ခဲ့ရာမှာ အဆိုပါ ဟိုတယ်မှာ တည်းခိုနေတဲ့  အဖွဲ့ဝင် ၇ ဦးပါ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့က အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့တာပါ။

သေဆုံးသူ နှစ်ဦးကတော့ တိုက်ကြီးမြို့နေ အသက် ၆၆ နှစ်အရွယ် ဒေါ်လှမေ၊ (မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD838696)နဲ့ အသက် ၄၄နှစ်အရွယ်  ဒေါ်မြမြထွေး (မြန်မာနိုင်ငံကူးလက်မှတ်အမှတ် MD807824) တို့ဖြစ်ပြီး ဒဏ်ရာရရှိသူတဦးကတော့ Lady Hardinge ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

အခင်းဖြစ်ပွားမှုမှာပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံး တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာနဲ့ ဆေးရုံကို သွားရောက်ကူညီပေးနေသလို  မြန်မာဘုန်းတော်ကြီးတွေကလည်း လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါမီးလောင်မှုမှာ လူ ၁၇ ဦးသေဆုံးပြီး အများစုဟာ ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေဖြစ်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013