DVB Logo
Home
မြန်မာသတင်း
နာမည်ကြီး ဂရမ်မီတေးဂီတ ထူးချွန်ဆုပေးပွဲမှာ ဘယ်သူတွေ ဆွတ်ခူးခဲ့သလဲ (ရုပ်သံ)
DVB
·
February 12, 2019
နာမည်ကြီး ဂရမ်မီတေးဂီတ ထူးချွန်ဆုပေးပွဲမှာ ဘယ်သူတွေ ဆွတ်ခူးခဲ့သလဲ (ရုပ်သံ)
1 / 16
Donate to DVB


တေးဂီတလောကမှာ အစဉ်အလာအရရော သြဇာအရှိန်အ၀ါပါ ကြီးမားတဲ့ ဂရမ်မီ ဆုချီးမြှင့်ပွဲကို ကျင်းပလာခဲ့တာ ၆၁ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ ဆုပေးအပ်ချီးမြှင့်ပွဲမှာတော့ ဂရမ်မီဆုအပါအ၀င် တေးဂီတထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့ဖူးတဲ့ အမျိုးသမီးတေးသံရှင် အလီရှာကီးစ်က တင်ဆက်သူတဦးအနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဆန်ကာတင်စာရင်း ထွက်ချိန်ကတည်းက ပွဲဆူနေခဲ့တဲ့ ဂရမ်မီဆုစာရင်းမှာ ဘယ်သူတွေကများ ဆုတွေ သိမ်းပိုက်သွားမလဲဆိုတာကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။

အခုနှစ်ရဲ့ ဆုတွေကို ကြေညာချိန်မှာလည်း ဂရမ်မီဟာ ပရိသတ်ကို အံ့မခန်းထင် မှတ်မထားခဲ့တဲ့ ရလဒ်တွေကို ပေးလိုက်ပြန်ပါပြီ။ ဘာလို့လဲဆိုတော့ အခုနှစ်မှာ ဂရမ်မီရဲ့ အထင်ကရဆုအများစုကို အမျိုးသမီးတေးသံရှင်အများစုက ရရှိခဲ့လို့ပါပဲ။

နာမည်ကြီး ဂီတဇာတ်မြူးရုပ်ရှင် A Star Is Born မှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တဲ့ တေးသံရှင် လေဒီဂါဂါကတော့ အခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ အကောင်းဆုံး ပေါ့ပ်စုံတွဲတေးသံရှင်ဆု အပါအ၀င် ဆု ၃ ဆု ရရှိခဲ့ပါတယ်။

နောက်ပြီး အခုနှစ်မှာ ထူးထူးခြားခြား ထိပ်တန်းအယ်လ်ဘမ်ဆုတွေ ဆွတ်ခူးရရှိခဲ့တဲ့ ပေါ့ပ်အယ်လ်ဘမ်ဆု(Ariana Grande)၊ (ကျေးလက်တေးဂီတအယ်လ်ဘမ်ဆု) Musgraves၊ အာရ်အန်ဘီတေးဂီတအယ်လ်ဘမ်ဆု (H.E.R.) နဲ့ ရက်ပ်တေးဂီတအယ်လ် ဘမ်ဆု (Cardi B) တို့ အားလုံးဟာ အမျိုးသမီးတေးသံရှင်တွေချည်း ဖြစ်နေခဲ့တာကလည်း ဂရမ်မီသမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့တာပါ။

အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို အမေရိကန်သမ္မတကတော်ဟောင်း မစ်ရှဲ လ်အိုဘားမားလည်း တက်ရောက်အားပေးခဲ့ပါတယ်။

နောက်ထပ်ဆုတဆုဖြစ်တဲ့ တက်သစ်စတေးသံရှင်ဆုကိုတော့ ဗြိတိန်အမျိုးသမီးတေးသံရှင် Dua Lipa က ဆွတ်ခူးရရှိသွားပါတယ်။အခုနှစ် ၆၁ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲ ဆုရစာရင်းအပြည့်အစုံကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

Album of the year - Winner: Kacey Musgraves - Golden Hour
•Record of the year - Winner: Childish Gambino - This Is America
•Song of the year - Childish Gambino - This Is America
•Best new artist - Winner: Dua Lipa
•Best pop solo performance - Winner: Lady Gaga - Joanne (Where Do You Think You're Goin'?)
•Best pop duo/group performance - Winner: Lady Gaga & Bradley Cooper - Shallow
•Best traditional pop vocal album - Winner: Willie Nelson - My Way
•Best pop vocal album - Winner: Ariana Grande - Sweetener
•Best dance recording - Winner: Silk City & Dua Lipa featuring Diplo & Mark Ronson - Electricity
•Best dance/electronic album - Winner: Justice - Woman Worldwide
•Best rock performance - Winner: Chris Cornell - When Bad Does Good
•Best metal performance - Winner: High On Fire - Electric Messiah
•Best rock album - Winner: Greta Van Fleet - From The Fires
•Best alternative album - Winner: Beck - Colors
•Best R&B performance - Winner: H.E.R. Featuring Daniel Caesar - Best Part
•Best urban contemporary album - Winner: The Carters - Everything Is Love
•Best rap song - Winner: Drake - God's Plan
•Best rap album - Winner: Cardi B - Invasion Of Privacy
•Best country album - Winner: Kacey Musgraves - Golden Hour
•Best musical theatre album - Winner: The Band's Visit
•Producer of the year, non-classical - Winner: Pharrell Williams
•Best music video - Winner: Childish Gambino - This Is America

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013