DVB Logo
Home
မြန်မာသတင်း
ဆင်ပြောင်သဘောင်္နစ်မြုပ်မှုတွင်  ပျောက်ဆုံးနေသူများထဲက ၄ ဦး အလောင်းပြန်တွေ့
DVB
·
February 12, 2019
ဆင်ပြောင်သဘောင်္နစ်မြုပ်မှုတွင်  ပျောက်ဆုံးနေသူများထဲက ၄ ဦး အလောင်းပြန်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကမ်းခြေ၊ လက်ဖက်ကျွန်းမီးပြတိုက်နားမှာ နစ်မြုပ်သွားတဲ့ ဆင်ပြောင် သင်္ဘောမှာပါသွားတဲ့ ပျောက်ဆုံးနေတဲ့ ၁၈ ဦးထဲက ၄ ဦးရဲ့ အလောင်းကို ပြန်လည် တွေ့ရှိပါတယ်။

အသက်သေဆုံးလျက် တွေ့ရှိသူ ၄ ဦးကတော့ ဦးတင်မောင်ဝင်း (ဒလမြို့နယ်)၊  ဦးထွန်းအောင် (ဒလမြို့နယ်)၊ ဦးမြတ်မော် (သာကေတမြို့နယ်)နဲ့ ဦးထွန်းထွန်း (စမ်းချောင်းမြို့နယ်)တို့  ဖြစ်ကြပြီး ကျန်ပျောက်ဆုံးနေသူ ၁၄ ဦးကို ဆက်လက်ရှာဖွေ နေတယ်လို့ ရခိုင်ပြည်နယ် မီးသတ်က ထုတ်ပြန်ပါတယ်။

ပင်လယ်ထဲ ပျောက်ဆုံးနေတဲ့ ၁၈ ဦးထဲက ၂ ဦးရဲ့ အလောင်းကိုတော့ ပင်လယ်ထဲမှာ မနေ့က  တွေ့ရှိခဲ့တာလို့ မာန်အောင်မြို့နယ်မှူး ရဲမှူးမြင့်ဝေက ဒီဗွီဘီကိုပြောပါတယ်။

“အလောင်းနှစ်လောင်းပေါ်နေတာကိုတွေ့ခဲ့တယ်။ ရေမှာမျောနေတဲ့ အသက်ရှင် ၇ ယောက် ကယ်ဆယ်နေတုန်းမှာပဲ သေဆုံးအလောင်နှစ်လောင်းတွေ့တယ်။ အဲ့ဒီတော့ အလောင်းကို ဦးစားမပေးဘဲ ကျနော်တို့က အသက်ရှင် ၇ ယောက်ကို ကယ်ဆယ်လာတယ်။ လှိုင်းက အရမ်းကြီးနေတယ်။ ဘယ်လိုလုပ်မှသွားလာလို့ မရဘူး။ ကမ်းနားလောက်မှာပဲ ရှာနေရတယ်။”

လတ်တလော ပျောက်ဆုံးနေတဲ့ သူတွေကို ဆက်လက် ရှာဖွေနေပေမယ့် လှိုင်းကြီးနေတာကြောင့် အန္တရာယ်ကြားကနေ လိုက်ရှာနေရတာလို့လည်း မာန်အောင်မြို့ နယ်မှူးက ပြောပါတယ်။

“သင်္ဘောကျောက်ချတဲ့နေရာမှာပဲ အခုက လိုက်ရှာနေရတာဗျ၊ ကျန်တဲ့နေရာကို လုံးဝသွား မရဘူးဖြစ်နေတယ်။ လှေက အရမ်းသေးနေတယ်၊ လှိုင်းက လေအရမ်းကြီးတယ်။”

ဆင်ပြောင်သင်္ဘောဟာ ရန်ကုန်ကနေ ရခိုင်ပြည်နယ် လက်ဖက်ကျွန်း မီးပြတိုက်ကို ပြင်ဆင်ဖို့ ဖေဖော်ဝါရီ ၇ ရက်က ထွက်ခွာလာတာဖြစ်ပြီး၊ မာန်အောင်ကျွန်းကို ၉ ရက်မှာ ရောက်ရှိ လာကာ မနေ့မနက် အစောပိုင်း ၄နာရီခွဲလောက်က နစ်မြုပ်သွားခဲ့တာပါ။

ဆင်ပြောင်သဘောင်္ပေါ်နစ်မြုပ်မှုမှာ ပါသွားသူစုစုပေါင်း ၂၅ ဦးအနက် ၇ ဦး အသက်ရှင် လွတ်မြောက်ခဲ့ပြီး ၄ ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိကာ ကျန်တဲ့ပျောက်ဆုံးနေတဲ့ သူတွေကိုတော့  ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

ဓာတ်ပုံ-Rakhine Fire Force

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013