DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ်၌ တိုက်ပွဲကြောင့် ကျောင်းသားများ စစ်ရှောင်စခန်းတွင် စာမေးပွဲဖြေဆို
DVB
·
February 12, 2019
ကျောက်မဲမြို့နယ်၌ တိုက်ပွဲကြောင့် ကျောင်းသားများ စစ်ရှောင်စခန်းတွင် စာမေးပွဲဖြေဆို
Donate to DVB

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ထဲမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ခြင်း ပစ်ခတ်တိုက်ခိုက်မှု တွေ ဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ ကျောင်းသားကျောင်းသူတွေ စစ်ဘေးရှောင် စခန်းမှာ စာမေးပွဲဖြေဆိုခဲ့ကြရတာပါ။

ဖေဖော်ဝါရီ ၈ ရက်က ကျောက်မဲမြို့ရှိ ဓမ္မမေဒနီရွှေကျင်ဘုန်းတော်ကြီးကျောင်းနဲ့ အောင်ဆုပန်ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ၅ တန်း၊ ၆ တန်း၊ ၇ တန်း ကလေးငယ်တွေဟာ ဓမ္မမေဒနီရွှေကျင်ဘုန်းတော်ကြီးကျောင်းမှာ စာမေးပွဲ လက်ကျန်ဘာသာကို ဖြေဆိုခဲ့ရပါတယ်။

ပန်လော့ရွာ မူလွန်ကျောင်းအုပ်ကြီး ဒေါ်အေးအေးနှင်း က “ဖြစ်တာက သောကြာနေ့ ညက ဆိုတော့ ဖြေဖို့ကျန်တဲ့ ကလေးတွေကို ပညာရေးမှူးရဲ့ စီစဉ်ပေးမှုနဲ့ ဒီမှာပဲဖြေလိုက်တယ်။ စာမေးပွဲက လေးရက်နေ့က စဖြေတာ။ တိုက်ပွဲ အခြေအနေကြောင့် ဒီလိုဖြစ်ပေမယ့် အပြင်းအထန်ကြီးတော့ မဟုတ်ဘူး”လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP တပ်တွေအကြားတိုက်ပွဲကြောင့်  ကျောက်မဲနဲ့ ၇ မိုင်လောက်ဝေးတဲ့ ပန်လော့ရွာနဲ့ နမ့်ပျဉ်းရွာတွေက စစ်ဘေးရှောင် ၇၀၀ ကျော်ဟာ အောင်စုပန်ကျောင်းနဲ့  ဓမ္မမေဒနီ ရွှေကျင် ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီ ခိုလှုံနေကြရတာပါ။

အဲ့ဒီ စစ်ရှောင် ၇၀၀ ကျော်ထဲမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားပေါင်း ၁၆၀ ကျော်ပါဝင်ပြီး အလယ်တန်းကျောင်းသားတွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က စတင် စာမေးပွဲဖြေဆိုခဲ့ကြတာ  ဖြစ်ပါတယ်။

စစ်ဘေးရှောင်လာသူတဦးက “ဘယ်ချိန်ပြန်နိုင်မယ်ဆိုတာကတော့ မသေချာသေးဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ သူတို့တွေ မြန်မြန်ပြန်ချင်ကြတယ်။ ရွာမှာ ကျွဲနွား ကျန်ခဲ့တယ်။ ပြောင်းတွေလဲ ချိုးပြီးပြီး ကြိတ်ဖို့တွေ ကျန်သေးတယ်။”

RCSS နဲ့ SSPPတို့ တိုက်ပွဲကြောင့်  ပန်လော့ရွာနဲ့ နမ့်ပျဉ်းရွာတွေအနေနဲ့ စစ်ရှောင်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013