DVB Logo
Home
မြန်မာသတင်း
ချစ်သူများနေ့ အမီထွက်ရှိလာသည့် အချစ်ဟာသဒရာမာရုပ်ရှင်- Isn’t It Romantic (နမူနာ)
DVB
·
February 12, 2019
ချစ်သူများနေ့ အမီထွက်ရှိလာသည့် အချစ်ဟာသဒရာမာရုပ်ရှင်- Isn’t It Romantic (နမူနာ)
Donate to DVB


ဟောလိဝုဒ် အချစ်ဟာသရုပ်ရှင် ပရိသတ်အကြိုက် Isn’t It Romantic ရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။   

ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Todd Strauss-Schulson က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ မကြာခင်ရောက်ရှိလာတော့မယ့် St. Valentine’s Day အမီ ထွက်ရှိလာခဲ့တာဖြစ်ပြီး နာမည်ကြီး Pitch Perfect 2 ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ သြစတြေးလျရုပ်ရှင် သရုပ်ဆောင်မင်းသမီး Rebel Wilson က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။

ဒီဇာတ်လမ်းထဲမှာ သူက နယူးယောက်မြို့မှာ အလုပ်လုပ်နေတဲ့ Natalie ဆိုတဲ့ ဗိသုကာ ပညာရှင်ကောင်မလေးတယောက်နေရာက ပါဝင်ထားပြီး ဘယ်လိုအလွဲအချော်တွေ၊ အချစ်ဟာသဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

Rebel Wilson ဟာ သရုပ်ဆောင်ထူးချွန်ဆုတွေလည်း အများကြီးရရှိထားခဲ့တဲ့ မင်းသမီးတဦးဖြစ်ပြီး ဒီကားထဲမှာတော့ သူနဲ့အတူ တခြားနာမည်ကြီး ဟောလိဝုဒ် သရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Liam Hemsworth၊ Adam DeVine၊ ဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး Priyanka Chopra တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၈၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013