DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မုံရွာတွင် စတစ်ကာကမ်ပိန်းပြုလုပ်
DVB
·
February 12, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မုံရွာတွင် စတစ်ကာကမ်ပိန်းပြုလုပ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် စတစ်ကာကမ်ပိန်းလှုပ်ရှားမှုကို  စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လူစည်ကားရာနေရာတွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မနက်က စတင်ပြုလုပ်လိုက်ပါတယ်။

မြို့ခံနိုင်ငံရေးတက်ကြွတဲ့ လူငယ်အယောက် ၃၀ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်နိုင်ရေးနဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့စည်းတာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ စတစ်ကာကမ်ပိန်း  ပြုလုပ်ကြတာပါ။

မုံရွာမြို့ရဲ့ ဗိုလ်ချုပ်လမ်းပေါ်ရှိ အ.ထ.က ၃ ကျောင်းရှေ့၊ မြို့တော်ခန်းမရှေ့၊ အိုးရှင်းစူပါ စင်တာရှေ့၊ အလုံဈေးရှေ့၊ မြို့သစ်ဈေးရှေ့၊ ကျောက္ကာလမ်း ရန်ကင်းမီပွိုင့်အနီးနဲ့ သာစည်ဈေးရှေ့ စတဲ့နေရာ ၇ နေရာတို့မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေး စာတမ်းပါတဲ့ စတစ်ကာ ၁၂၀၀၀ ကို ဆိုင်ကယ်၊ ကား စတဲ့ယာဉ်တွေမှာ ကပ်ပေးခဲ့သလို လမ်းသွား လမ်းလာတွေကိုလည်း ဝေငှခဲ့ကြပါတယ်။

မုံရွာလူငယ်အဖွဲ့ဝင် ကိုရေချမ်းက "အခုလွှတ်တော်ထဲမှာ မကြာခင်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့တော့မယ်။ ဒါကိုလည်း ထောက်ခံတယ်။ ပြောရရင် ဖွဲ့စည်းပုံက ပြင်ကိုပြင်ရမယ်။ တဖက်ပိတ်၊ တဖက်ပွင့်ဖြစ်နေတယ်။ ပြီးတော့ ဥပဒေဆိုတာ ပြည်သူကို အကာအကွယ်ပေးရမယ်။ ပြည်သူကို ဖိနှိပ်တဲ့ဥပဒေမှန်သမျှပြင်ရမယ်။ ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်ရမယ်။ အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် အခုလို ကမ်ပိန်းလေး စုပေါင်း လုပ်ဖြစ်တာပါ။"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုတင်သွင်းခဲ့ပြီး ဒီအဆို ကိုလွှတ်တော်က အတည်ပြုထားတဲ့အတွက် ပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တခြားမြို့တွေမှာလည်း ကမ်ပိန်းတွေ၊ ဟောပြောပွဲတွေ ပြုလုပ်နေကြသလို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာလည်း မုံရွာမြို့မှာ အဖွဲ့ပေါင်းစုံ စုပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013