DVB Logo
Home
မြန်မာသတင်း
စိတ္တဇဆန်ဆန် သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင် - Happy Death Day 2U (နမူနာ)
DVB
·
February 12, 2019
စိတ္တဇဆန်ဆန် သွေးပျက်ထိတ်လန့်ဖွယ်ရုပ်ရှင် - Happy Death Day 2U (နမူနာ)
Donate to DVB


ရုပ်ရှင်ပရိသတ်တွေအကြိုက် သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ စိတ္တဇဆန်ဆန် Horror, Mystery, Thriller အမျိုးအစား Happy Death Day 2U ရုပ်ရှင်ကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင် ကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Christopher Landon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။


ကောလိပ်ကျောင်းသူတဦးဖြစ်တဲ့ Tree Gelbman ဟာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေရာကနေ တချိန်က အိပ်မက်လိုလို ကြုံတွေ့ခဲ့ရတဲ့ မွေးနေ့တရက်ဆီ ပြန် ရောက်သွားချိန်မှာ ဘာတွေ ဖြစ်လာမလဲ၊ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ မျက်နှာဖုံးစွပ် လူသတ်သမားတယောက်ရဲ့ အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရချိန်မှာ ဘယ်လိုသွေးပျက် ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။


ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး La La Land ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ အမေရိကန် သရုပ်ဆောင်မင်းသမီး Jessica Rothe က Tree Gelbman အနေနဲ့ ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Israel Broussard ၊ Phi Vu ၊ Suraj Sharma ၊ Sarah Yarkin၊ Ruby Modine တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြတာပါ။


ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13  အဆင့် သတ်မှတ်ထားပါတယ်။


ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၉ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013