DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး သမ္မတတိုက်တွန်း
DVB
·
February 12, 2019
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး သမ္မတတိုက်တွန်း
Donate to DVB

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့  လျော်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး  ကြိုးပမ်းဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  ဒီကနေ့ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းပါတယ်။

တိုင်းရင်းသားပြည်သူတွေအကြား ပေါင်းစည်းညီညွတ်စေပြီး အထွေထွေ သဟဇာတရှိစွာ ဥမကွဲသိုက်မပျက်နေထိုင်ကာ ရေရှည်တည်တံ့တဲ့ နိုင်ငံတော်ကြီး ဖြစ်စေဖို့ အရေးကြီးဆုံး အချက်ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုစွမ်းအားနဲ့ ရရှိခဲ့တဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ထာဝစဉ် တည်တံ့ခိုင်မြဲစေဖို့နဲ့ ပြည်ထောင်စုကြီးမပြိုကွဲစေဖို့ အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူတွေ လက်တွဲမဖြုတ်စတမ်း စည်းလုံးညီညွတ်မှု အင်အားနဲ့သာ ထိန်းသိမ်း ကာကွယ်စောင့် ရှောက်နိုင်မယ်လို့လည်း သမ္မတကဆိုပါတယ်။

ပြည်ထောင်စုတ၀န်း ငြိမ်းချမ်းသွားပြီဆိုရင် အချိန်တိုအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးလာပြီး တိုင်းရင်းသားပြည်သူတွေရဲ့ အိပ်မက်တွေ အထင်အရှား မြင်တွေ့လာကြမယ်လို့ လည်း သမ္မတက  ပြောပါတယ်။

ပြည်မနဲ့အတူ တောင်တန်း ဒေသတွေပါ တပြိုင်တည်း လွတ်လပ်ရေးရရှိဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ  ကတိပြု လက်မှတ်ရေးထိုး သမိုင်းဝင်ပင်လုံစာချုပ် ချုပ်ဆိုနိုင်တဲ့နေ့ကို ပြည်ထောင်စုနေ့ အဖြစ် နှစ်စဉ် သတ်မှတ်ကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013