Home
မြန်မာသတင်း
၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အခမ်းအနား လွိုင်​​ကော်​တွင်​ကျင်းပ
DVB
·
February 12, 2019
52486603_431980894040678_3556473997602324480_o
52320361_431980414040726_5873557511755268096_o
52043263_431980617374039_9003734899760300032_o
51765931_431980780707356_3505592714047520768_o
51714928_431980824040685_7614768533800484864_o
51689202_431980720707362_8638544696848678912_o
51650031_431980450707389_5556251212031983616_o
52051055_1529326637211450_1943670007942610944_o
51670542_1529325997211514_4076152516293689344_o
51640735_1529326073878173_1141758163050037248_o
ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့မှာ ကျ​ရောက်​တဲ့ ၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့ရှိ ​ကျောက်​သားရင်​ပြင်​မှာ ဒီ​နေ့မနက်​က ကျင်းပပါတယ်​။ အခမ်းအနားမှာ နိုင်​ငံ​တော်​အလံအ​လေးပြုတာ​တွေ၊ ကျဆုံးအာဇာနည်​​တွေကို အ​လေးပြုတာ​တွေနဲ့ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့် ​ပေးပို့တဲ့ သဝဏ်​လွှာကို ပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးအယ်​​လ်​​ဖောင်းရှိုက ဖတ်​ကြားတာ​တွေ ပြုလုပ်​ခဲ့ပါတယ်​။ ကယားပြည်​နယ်​ဝန်​ကြီးချုပ်​၊ အစိုးရဌာနဆိုင်​ရာတွေ၊ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ တချို့အပါအဝင်​ အခမ်းအနားကို လူဦး​ရေ ၁၀၀၀ ဝန်းကျင်​ တက်​​ရောက်​ခဲ့ပါတယ်​။ အခမ်းအနားပြီး​နောက်​မှာ​တော့ ​လှေ​လှော်​ပြိုင်​ပွဲ၊ ​ချောတိုင်​တက်​၊ လွန်​ဆွဲ၊ ​ခေါင်းအုံးရိုက်​ စတဲ့ ပြိုင်​ပွဲ​တွေကို ပြုလုပ်​ခဲ့ပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024