DVB Logo
Home
မြန်မာသတင်း
“ဆင်ပြောင်”သင်္ဘောနစ်မြုပ် ပျောက်ဆုံးနေသူများကို လှိုင်ကြီးနေ၍ ကယ်ဆယ်ရန်ခက်ခဲနေ
DVB
·
February 11, 2019
“ဆင်ပြောင်”သင်္ဘောနစ်မြုပ် ပျောက်ဆုံးနေသူများကို လှိုင်ကြီးနေ၍ ကယ်ဆယ်ရန်ခက်ခဲနေ
Donate to DVB

မီးပြတိုက်ပြင်ဖို့သွားတဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်းက “ဆင်ပြောင်” အမည်ရှိ သင်္ဘောဟာ ဒီကနေ့ မနက်ပိုင်း  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ နစ်မြုပ်သွားခဲ့လို့ လူ ၁၈ ဦးပျောက်ဆုံးနေပါတယ်။

ဒါပေမယ့် ပျောက်ဆုံးနေသူတွေကိုရှာဖွေဖို့အတွက် ပင်လယ်ထဲမှာ လှိုင်းကြီးနေတာကြောင့် ရှာဖွေရေးတွေမလုပ်နိုင်သေးဘူးလို့ မာန်အောင်မြို့နယ်က မြို့နယ်မှူး ရဲမှူးမြင့်ဝေ ဒီဗွီဘီကိုပြောပါတယ်။

“ပျောက်ဆုံးနေတဲ့ လူတွေကို ရှာတွေ့ဖို့ ရှာဖွေရေး လုပ်ငန်းကိုတောင် မလုပ်နေသေးဘူးဖြစ်နေပါတယ်။ လှိုင်းတွေတအားများ နေတယ်။ ကျနော်တို့ လှေကလဲ မရှိဘူးဖြစ်နေတယ်။ လှေက အသေးလေးတွေ့ပဲရှိနေတာ၊ အဲ့ဒီလှေနဲ့ ဘယ်လိုမှကိုပင်လယ်ထဲမှာ ရှာဖွေလုပ်လို့ မရဘူးဖြစ်နေတယ်။ နေ့လယ်ပိုင်းအထိ ပင်လယ်ထဲမှာ ထွက်မရဘူးဖြစ်နေတယ်။ လှေတွေက သေးနေလို့”

သင်္ဘောပေါ်မှာပါလာတဲ့ ၂၅ ဦးအနက် ၇ ဦးဟာ အသက်ဘေးကလွတ်မြောက်လာပြီး ၁၈ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ မာန်အောင်မြို့နယ်က မြို့နယ်မှူး ရဲမှူးမြင့်ဝေ ပြောပါတယ်။

“ဒီကနေ့ မနက် ၄ နာရီ ဝန်းကျင် ၅ နာရီလောက်ဖြစ်မယ်။ သဘောင်္ပေါ်မှာ ပါလာတဲ့သူတွေပြောတာက လှိုင်းပုတ်တဲ့ဒဏ်ကြောင့်သဘောင်္မှန်ကွဲသွားတယ်။ အဲ့ဒီကနေ့တဆင့် ရေဝင်တယ်။ အဲ့ဒီကနေအဆင့်ဆင့် သ​င်္ဘောမြုပ်သွားတယ်လို့ပြောတယ်။ ပန်လွတ်လာတဲ့သူက ၇ ဦးပေါ့နော်။ ကျန်တာတွေကတော့ ရှာမတွေ့သေးဘူး”လို့ပြောပါတယ်။

သူတို့တွေဟာ ရန်ကုန်ကနေ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရှိ မီးပြတိုက်ကို ပြင်ဆင်ဖို့ ဖေဖော်ဝါရီ ၇ ရက်က ထွက်ခွာလာတာဖြစ်ပြီး၊ မာန်အောင်ကျွန်းကို ၉ ရက်နေ့မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါအပြင် မီးပြတိုက်နဲ့ သဘောင်္ကျောက်ချတဲ့နေရာကို သိပ်မဝေးဘဲ လွတ်မြောက်လာတဲ့ သူတွေကတော့ သဘောင်္နစ်မြုပ်တဲ့အချိန်မှာ အသက်ကယ်င်္ကျီနဲ့ ကူးခတ်လာပြီး အဲ့ဒီမှာ ငါးဖမ်းလှေတွေနဲ့တွေ့လို့ ကမ်းစပ်ကို ကပ်လာတာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ ငါးဖမ်းတဲ့ လှေတွေလှိုင်းမရှိတုန်း သွားလို့ ရခဲ့ပေမယ့် ဒီနေ့လယ်ပိုင်းမှာတော့ လှိုင်းတွေကြီးနေတာကြောင့် လှေငယ်တွေနဲ့ သွားရဖို့ အခက်တွေ့တာ ဖြစ်တယ်လို့ မာန်အောင်မြို့နယ်မှူး ရဲမှူးမြင့်ဝေက ဆိုပါတယ်။

လှိုင်ကြီးနေတာကြောင့် အနီးပတ်ဝန်ကျင်လောက်မှာသာ ကယ်ဆယ်အဖွဲ့တွေက  ရှာဖွေနေပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကိုလည်း အကူအညီတောင်းခံထားတယ်လို့ ဆိုပါတယ်။

အဲဒီမီးပြတိုက်ဟာ နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိပြီး ခရီးသွားသင်္ဘောတွေနဲ့ နိုင်ငံခြားပင်လယ်ကူး သင်္ဘောတွေကို မီးအချက်ပြဖို့ အရေးပါတဲ့ မီးပြတိုက်တခု ဖြစ်ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013