DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင်ကျင်းပသည့် နိုင်ငံတကာ သာသနာနှင့် လူမှုထူးချွန်ဆုပေးပွဲတွင် မြန်မာ ၈ ဦး ဆုရရှိ
DVB
·
February 11, 2019
ထိုင်းတွင်ကျင်းပသည့် နိုင်ငံတကာ သာသနာနှင့် လူမှုထူးချွန်ဆုပေးပွဲတွင် မြန်မာ ၈ ဦး ဆုရရှိ
1 / 11
Donate to DVB

ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းပေါင်း ၄ ဖွဲ့ ပူးပေါင်းပြီး နိုင်ငံတကာက ဘာသာရေးနဲ့ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အားကျိုးမာန်တက်ဆောင်ရွက်ခဲ့သူတွေကို MORAI AWARDS -2019ဆိုတဲ့ဆု ချီးမြှင့်ရာမှာ မြန်မာနိုင်ငံက သံဃာတော် ၃ ပါး နဲ့ လူပုဂ္ဂိုလ် ၅ ဦး ဆုရခဲ့ကြပါတယ်။

ဆုပေးပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းက နခွန်းပထုန်ခရိုင် နခွန်းပထုန်မြို့ ဗုဒ္ဓသာသနိကနယ်မြေထဲမှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၃၀ ကျော်က ရဟန်းရှင်လူ ဆုရသူပေါင်း ၂၀၀ ကျော် တက်ရောက်ဆုယူခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၈ ဦးပါဝင်တယ်လို့ ထူးချွန်ဆုရ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ နော်ခမ်းလှ ဓမ္မသာမိက ဒီဗွီဘီကို မိန့်ပါတယ်။

“ဆုပေးပွဲမှာ ဘုန်းဘုန်းသိရသလောက်တော့ မြန်မာနိုင်ငံသား ၈ ဦး ပါပါတယ်၊ သံဃာ ၃ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၄ ဦး ပါတယ်။ ရှမ်းတိုင်းရင်းသားက ၅ ဦးပါတယ်။ ဘုန်းဘုန်းရယ်၊ ထိုင်းဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်နေတဲ့စ၀်နော်လိုင်း၊ တောင်ကြီးမြို့ လူမှုအခြေပြု အဖွဲ့ခေါင်းဆောင် နန်းမိုမိုသီတာ၊ သုဇာတာဓမ္မစင်္ကြာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းဖောင်နဲ့ ဘန်ကော က်မှာ အလုပ်လာလုပ်တဲ့ ညောင်ရွှေမြို့နယ်က နန်းလောဝ်အွန်တို့ပါတယ်။”

အဆိုပါ  Moral Awards ဆုဟာ နှစ်စဉ်နှစ်တိုင်း ပေးအပ်တာမဟုတ်ဘဲ ၄-၅ နှစ်တစ်ကြိမ် အလျဉ်းသင့်သလို ရွေးခြယ်ပေးအပ်တာဖြစ်ပြီး ဒီနှစ်မှာတော့ ထိုင်းဘုရင်အနွယ်တော် မွမ်ကျောက် ဦထိုင်းကန်ယာ ဖနန်ဖန်း ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013