DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 11, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င် တအိတ်ကို ၆၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၂၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၅၀၀၀ မှ ၇၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ၀င် တအိတ်ကို ၇၇၀၀၀ မှ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မကွေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င် တအိတ်ကို ၆၈၁၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် တအိတ်ကို ၉၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

 

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၇၈၀၀၀ မှ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ ၇၅၀၀၀ မှ ၉၀၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အာင်လံကုန်စည်ဒိုင်မှာ ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၄၀၀၀၀ မှ ၂၄၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါ။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၂၅၀၀၀ မှ ၂၃၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံ ကုန်စည်ဒိုင်မှာ ၁၃၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၆၈၀၀၀ မှ ၁၇၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းဖြူ တအိတ်ကို ၁၆၀၀၀၀  ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၁၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်အဓိကထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၁၀၀ ကနေ ၅၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၇၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတာ့ တပိဿာကို ၁၀၀ ကနေ ၄၂၅ ပေါက်ဈေးရှိပြီး တပိဿာကို ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၇၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013