DVB Logo
Home
မြန်မာသတင်း
နစ်မြုပ် ဆင်ပြောင်သင်္ဘောမှ ၇ ဦး အသက်ရှင်၊ ပျောက်ဆုံးနေသူများကို ဆက်ရှာဖွေနေ (ရုပ်သံ)
DVB
·
February 11, 2019
နစ်မြုပ် ဆင်ပြောင်သင်္ဘောမှ ၇ ဦး အသက်ရှင်၊ ပျောက်ဆုံးနေသူများကို ဆက်ရှာဖွေနေ (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအနီးရှိ မီးပြတိုက်ကိုပြုပြင်ဖို့ ရောက်ရှိနေတဲ့ ဆင်ပြောင်သင်္ဘော ဒီမနက်​ ၄ နာရီလောက်က နစ်မြုပ်သွားရာမှာ  ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၁၉ ဦးကို အပူတပြင်း ဆက်လက် ရှာဖွေနေပါတယ်။

သင်္ဘောပေါ်မှာ လူ ၂၆ ဦးလိုက်ပါသွားတဲ့အနက်  ၇ ဦးသာ မီးပြတိုက်ဆီ ပြန်ရောက်လာတယ်လို့ မီးပြတိုက်တာဝန်ခံ ဦးစိုးဝင်းက  ပြောပါတယ်​။

“သူတို့က ဖေဖော်ဝါရီ ၉ ရက်နေ့က မီးပြတိုက်ကိုပြုပြင်ဖို့ ရောက်နေကြတာပါ။ မီးပြတိုက်ပြုပြင်တဲ့ "ဝါတီ" ဂဟေဆော်အဖွဲ့က ကုန်းပေါ်မှာကျန်ခဲ့ပြီး သင်္ဘောသားတွေက သင်္ဘောပေါ်မှာ နေကြတာပါ။ ဒီနေ့ မနက် ၄ နာရီ လောက်မှာ သင်္ဘောပေါက်ပြီး ရေဝင်လို့ နစ်မြုပ်တာပါ။ သင်္ဘောပေါ်ကနေ နေ ၇ ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သင်္ဘောက ရန်ကုန်ကပါ။ မီးပြတိုက်ပျက်စီးတဲ့ အပိုင်းတွေလာရောက်ပြုပြင်တာပါ။ အခုကယ်ဆယ်ရေး အဖွဲ့တွေ ရောက်နေပါပြီ ရှာဖွေဆောင်ရွက်နေပါတယ်”

သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်သိရဖို့ သက်ဆိုင်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဇီးတောကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်တဲ့ "ဆင်ပြောင်”သဘောင်္နစ်မြုပ်မှုကို မာန်အောင်မြို့နယ်မီးသတ်စခန်းက ရှာကယ်တပ်ဖွဲဝင် ၁၀ ဦးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

အဲဒီမီးပြတိုက်ဟာ နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိပြီး ခရီးသွားသင်္ဘောတွေနဲ့ နိုင်ငံခြားပင်လယ်ကူးသင်္ဘောတွေကို မီးအချက်ပြဖို့ အရေးပါတဲ့ မီးပြတိုက်တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013