DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားတဦးကို ဖမ်းဆီး အရေးယူ
DVB
·
February 11, 2019
လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားတဦးကို ဖမ်းဆီး အရေးယူ
Donate to DVB

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီးမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား အမျိုးသားတဦးကို ဥတ္တရသီရိ မြို့နယ်ရဲစခန်းက ဖမ်းဆီးအရေးယူ ထားပါတယ်။

အဲ့ဒီ နိုင်ငံခြားသားဟာ  လွှတ်တော်ဝန်းအတွင်းက ကြိုးတံတား အမှတ် ၂ အနီးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဒရုန်း လွှတ်တင်ခဲ့တာပါ။

လွှတ်တင်ခဲ့တဲ့ ဒရုန်း ဟာဆိုရင် တရားမ၀င် DJI အမှတ်တံဆိပ်ပါ အမျိုးအစားဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ဥတ္တရသီရိမြို့နယ်ရဲစခန်း၊ ဘုရားကုန်းမြို့မရဲစခန်းတို့က ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါတယ်။

အဆိုပါပြင်သစ်နိုင်ငံသားဟာ အသက် ၂၇ နှစ်အရွယ်ရှိ  ဆောက်လုပ်ရေးအင်ဂျင်နီယာ Mr. MICHEL DESCLAUX ဖြစ်ပြီး တာဝန်ကျ လုံခြုံရေး ရဲတပ်သားကတွေ့ရှိလို့ အခုလို ဖမ်းဆီး အရေးယူခံရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကလည်း စင်ကာပူအခြေစိုက်  နိုင်ငံခြားရုပ်သံဌာနက သတင်းထောက်တွေနဲ့ ယာဉ်မောင်းတွေ လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့လို့  ဖမ်းဆီး အရေးယူခံခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013