DVB Logo
Home
မြန်မာသတင်း
မ​ကွေးတိုင်း​တွင်​ မသန်​စွမ်းသူ အ​ရေအတွက်​စာရင်း ​ကောက်​ခံရာတွင် မှားယွင်းမှုများ ရှိ​နေ
DVB
·
February 11, 2019
မ​ကွေးတိုင်း​တွင်​ မသန်​စွမ်းသူ အ​ရေအတွက်​စာရင်း ​ကောက်​ခံရာတွင် မှားယွင်းမှုများ ရှိ​နေ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီးအတွင်း မသန်​စွမ်းသူအ​ရေအတွက်​ ​ကောက်​ခံရမှာ မှားယွင်းမှု​တွေ ရှိ​နေတယ်​လို့ မြန်​မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်ပံ့ပိုးမှုအဖွဲ့က ပြောပါတယ်။

မြန်​မာနိုင်​ငံ မသန်​စွမ်းသူများ​ရှေ့​ဆောင်​ပံ့ပိုးမှုမဖွဲ့၊ မ​ကွေးနယ်​ရုံး ဥက္ကဋ္ဌ ကို​နေစိုးလင်းက "လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေးဝန်​ကြီးဌာနက မ​ကွေးတိုင်း​ဒေသကြီး အတွင်း ပထမဆုံးအကြိမ်​လာ​ရောက်​​ထောက်​ပံ့တာပါ။ ထောက်​ပံ့တာ​ကောင်း​ပေမယ့်​ ​အော​က်ခြေမှာ ​ဒေတာအချက်​အလက်​​ လွဲမှားတာ​တွေ ရှိ​နေတယ်​။ စာရင်းဇယား မှန်​ကန်​တိကျဖို့အတွက်​ ရပ်​​ကျေး အုပ်​ချုပ်​​ရေးမှူး​တွေအ​နေနဲ့ မသန်​စွမ်း ၄ မျိုးဖြစ်​တဲ အမြင်​အာရုံ၊ အကြားအာရုံ၊ ကိုယ်​အင်္ဂါ၊ ဉာဏ်​ရည်​ မသန်​စွမ်းဆိုတာ​တွေ သိရှိဖို့ လိုအပ်​ပါတယ်​။ အဆိုပါ အချက်​လက်​​တွေ မသိရှိဘဲ စာရင်းဇယား​ကောက်​ခံပါက မှန်​ကန်​တိကျမှု မရှိနိုင်​ပါဘူး။ စာရင်း​ကောက်​ခံသူ​တွေအ​နေနဲ့ မသန်​စွမ်း အဖွဲ့စည်း​တွေနဲ့ပူး​ပေါင်း​ဆောင်​ရွက်​မှု မရှိပါဘူး။ အောက်​​ခြေက ​ဒေတာအချက်​လက် ​မပြည့်စုံမှု​တွေ​ကြောင့် တ​​ယောက်​နဲ့တ​​ယောက်​ အမြင်​မကြည်​တာ​တွေ ဖြစ်​လာနိုင်​ပါတယ်​"လို့ ပြောပါတယ်​။

စာရင်းဇယား​တွေ မှန်​ကန်​တိကျဖို့အတွက်​ ဌာနဆိုင်​ရာ​တွေ၊ မြို့နယ်​၊ ရပ်​​ကျေး အုပ်​ချုပ်​​ရေးအဖွဲ့​တွေနဲ့ မသန်​စွမ်းသူ​တွေ ကိုယ်​တိုင်​ပူး​ပေါင်း ပါဝင်​​ကောက်​ခံဖို့ လိုအပ်​သလို တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့လည်း ​ထောက်​ပံ့မှု​တချို့ရှိပေမယ့် ပူ​ပေါင်း​ဆောင်​ရွက်​မှုမှာ အားနည်းတယ်လို့ ဆိုပါတယ်​။

လူမှုဝန်​ထမ်​ကယ်​ဆယ်​​ရေးနှင့်ပြန်​လည်​​နေရာချထား​ရေး ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာဝင်းမြတ်​​အေးက "နှိမ့်ကျတဲ့ဒေသ​တွေကို ဦးစား​ပေး​ဆောင်​ရွက်​​နေပြီး သာတူညီမျှဖြစ်​ဖို့ ကြိုးပမ်း​နေပါတယ်​။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်​​ရေးရဲ့ အ​ခြေခံဟာ လူမှုကာကွယ်​​စောင့်​ရှောက်​​ရေး ဖြစ်​ပြီး လူသားတိုင်းရဲ့ရပ်​တည်​ချက်​ ဖွံ့ဖြိုးတိုးတက်​​အောင်​​ဆောင်​ရွက်​ရမှာပါ။ မြန်​မာနိုင်​ငံ အ​နေနဲ့ စစ်​မှန်​တဲ ဖက်​ဒရယ်​ ဒီမိုက​ရေစီစနစ်​ကို သွား​နေတာဖြစ်​တဲ့အတွက်​ ဖက်​ဒရယ်​စနစ်​ဆိုတာ သာတူညီမျှ ဖြစ်​ပါတယ်​။ မသန်​စွမ်း​တွေ အ​နေနဲ့လည်း ရပ်​တည်​နိုင်​ရမယ်​ ဖွံ့ဖြိုးတိုးတက်​နိုင်ရမယ်​။ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်​ဖို့အတွက်​ လူမှုဝန်​ထမ်းဦးစီးဌာန၊မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန တိုနဲ့ အတူ ပြည်​သူတရပ်​လုံး ပူး​ပေါင်းပါဝင်​ဖို့ လိုအပ်​တယ်​” လို့ ပြောပါတယ်​။

မ​ကွေးမြို့အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာန ခန်းမမှာ ​ဖေ​ဖော်​ဝါရီလ ၁၀ ရက်​​နေ့ မွန်းလွဲပိုင်းက မ​ကွေးတိုင်း​ဒေသကြီးအတွင်းရှိ မသန်​စွမ်းသူများ၊ မိခင်​ဝိုင်းများ၊​ စေတနာ့ဝန်​ထမ်း အဖွဲ့စည်းများကို လူမှုဝန်​ထမ်းကယ်​​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေးန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးက ​ထောက်​ပံ့​ငွေတွေ ​ပေးအပ်​ခဲ့တာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013