DVB Logo
Home
မြန်မာသတင်း
အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ပို့ ဇာတ်ရံ ၃၂ ဦး ခေါ်ယူ၊ ရုပ်ဆင်တူသူများလျှောက်ထားနိုင်
DVB
·
February 11, 2019
အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ပို့ ဇာတ်ရံ ၃၂ ဦး ခေါ်ယူ၊ ရုပ်ဆင်တူသူများလျှောက်ထားနိုင်
1 / 32
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ၃၂ဦးကို ခေါ်ယူနေရာမှာ ရုပ်ဆင်တူကိုက်ညီမှုရှိတဲ့ သရုပ်ဆောင်တွေ လျှောက်ထားနိုင်တယ်လို့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ပါတယ်။

သရုပ်ဆောင်ရမယ့် ဇာတ်ပို့၊ ဇာတ်ရံနေရာတွေကတော့ အာဇာနည်ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဘဝင်း၊  သခင်မြ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ မန်းဘခိုင်၊ ရဲဘော်ကိုထွေးနေရာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိခင်ကြီးအဘွားစု နေရာမှာ သရုပ်ဆောင်ရမှာပါ။

ရဲဘော်သုံးကျိပ်ဝင်တွေဖြစ်တဲ့  ဗိုလ်မိုး(ခ)သခင်အေးမောင်၊ ဗိုလ်ကျော်ဇော်(ခ) ကိုရွှေ၊ ဗိုလ်စောအောင်(ခ)သခင်ငွေ၊ ဗိုလ်က်ျာ(ခ)သခင်လှဖေ၊ ဗိုလ်မြင့်အောင်(ခ)သခင်စိုး၊ ဗိုလ်ရန်အောင် (ခ)သခင်လှမြိုင်၊ ဗိုလ်စင်္ကြာ(ခ)သခင်အောင်သန်း၊ ဗိုလ်လင်းယုန်(ခ) သခင်ထွန်းရွှေ၊ ဗိုလ်ရဲထွဋ်(ခ)သခင်အောင်သိန်း၊ ဗိုလ်ဇေယျ(ခ)ကိုလှမောင်၊ ဗိုလ်မင်းခေါင်(ခ) သခင်စောလွင်၊ ဗိုလ်နေဝင်း(ခ)သခင်ရှုမောင်တို့ နေရာမှာ သရုပ်ဆောင်ဖို့လည်း ခေါ်ယူ ထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်၏အောင်ဆန်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှ၊ သခင်သန်းထွန်း၊ ဦးတင်ထွတ်၊ မာရီလှတော၊ ကိုဗဟိန်း၊ ဦးကျော်ငြိမ်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ကိုညိုမြ၊ ကိုနု၊ ဦးစောနဲ့ သခင်ဗစိန်အဖြစ် သရုပ်ဆောင်ရမယ့် ရုပ်ဆင်တူသူတွေလည်း လျောက်ထားနိုင် တယ်လို့ ဆိုပါတယ်။

လျှောက်ထားသူရဲ့ အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှုရှိခဲ့ရင်တော့ ရုပ်ရည်ဆင်တူမှုနဲ့ သရုပ်ဆောင် အမူအရာကောင်းမွန်မှုအပေါ် မူတည် ထည့်သွင်း စဉ်းစားမယ် လို့ဆိုပါတယ်။

လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာပုံစံကို Download ပြုလုပ် အချက်အလက်တွေကို ပြည့်စုံမှန်ကန်အောင် ဖြည့်စွက်ပြီး ဓာတ်ပုံနဲ့တကွ အမှတ်(၁၃၁)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ဝ၉-၄ဝဝ၇၆ဝဝ၁၁ သို့  မတ်လ ၁၂ ရက်နောက်ဆုံးထားကာ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ပဏာမရွေးချယ်ခံရသူတွေစာရင်းကိုတော့ အောင်ဆန်း ရုပ်ရှင်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေနဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ ကြေညာပေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013