DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ထိုင်းအဆိုတော် ပစ်သတ်ခံရ၊ မူးယစ်ဆေးမှုဖြင့် ထိုင်း ၅ ဦးကို ဖမ်းဆီး
DVB
·
February 11, 2019
တာချီလိတ်တွင် ထိုင်းအဆိုတော် ပစ်သတ်ခံရ၊ မူးယစ်ဆေးမှုဖြင့် ထိုင်း ၅ ဦးကို ဖမ်းဆီး
1 / 5
Donate to DVB

တာချီလိတ်မြို့ နိုက်ကလပ်တခုမှာ ထိုင်းအဆိုတော် ၁ ဦး ပစ်သတ်ခံရပြီး ၃ ရက်အတွင်း ထိုင်းနိုင်ငံသား ၅ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးတို့ကို စိတ်ကြွဆေးဝါး၊ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ် မြို့မရဲစခန်းက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ထိုင်းနိုင်ငံသားတဦးကို မယ်ခေါင်ရပ်ကွက်ထဲက ရွှေမြေသာယာဈေးအနီး သတင်းအရ စောင့်ဆိုင်းနေချိန်မှာ တွေ့ရှိလို့ ဖမ်းဆီးရမိတဲ့အချိန် လက်ထဲ မူးယစ်ဆေးဝါးတွေ့ရှိပြီး စစ်ဆေးချက်အရ မူးယစ်ဆေးပြား ၆ ထောင်ကျော်နဲ့ ခေါင်းခါဆေး (Ecstasy) ပြား ၁၄၀ အပြင် မူးယစ်ဆေးဝါး လက်ရိုက်စက် ၁ တလုံးကို ငှားရမ်းနေထိုင်တဲ့ အိမ်မှာ ဖမ်းဆီးမိခဲ့တာလို့ တာချီလိတ်မြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဖမ်းဆီးရေးအဖွဲ့က သတင်းရလို့ စောင့်ပြီးစစ်ဆေးတော့ ထိုင်းနိုင်ငံသားလက်ထဲမှာ မူးယစ်ဆေးပြား ၁၀၀ ကျော် ပါလာတယ်။ ဒါကို ထပ်ပြီးစစ်တော့ နေအိမ်မှာ မူးယစ်ဆေးထုတ်တဲ့ လက်ရိုက်စစ်နဲ့ မူးယစ်ဆေးတွေထပ်တွေ့တယ်။ နောက်ထပ် ဟိုတယ်မှာ တည်းနေတဲ့ ထိုင်းအမျိုးသမီးနှစ်ယောက်ပါ ဖော်ထုတ်နိုင်ပြီး သူတို့ လက်ထဲမှာလည်း မူးယစ်ဆေးတွေတွေ့တာ။ အရင်နေ့ကလည်း လူသတ်မှုနဲ့ ဆက်စပ် စစ်ဆေးလိုက်တာ ထိုင်း ၃ ယောက်ကို မူးယစ်ဆေးတွေနဲ့ မိခဲ့တယ်။ ဒီကြားထဲ မြန်မာနိုင်ငံသားတဦးကို မူးယစ်ဆေးဝါးတွေအပြင် လက်နက်ခဲယမ်းတွေလည်း ဖမ်းမိခဲ့ပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က နိုက်ကလပ်က ထိုင်းအဆိုတော်တဦးကို ငွေကြေးကိစ္စ အချင်းများရာက ဦးခေါင်းအတွင်းကျည် ၃ တောင့် အနီးကပ်ပစ်ခတ်ခံရပြီး စပ်ဆက်မှုတွေအရ ထိုင်းနိုင်ငံသား ၃ ဦး မူးယစ်ဆေးဝါးမှုနဲ့ ဆက်တိုက်ဖမ်းဆီးခဲ့ကာ ၃ ရက်အတွင်း ထိုင်းနိုင်ငံသား ၅ ဦးကို တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးမှုနဲ့ ဆက်စပ်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းက ဆန်းဆိုင်းရပ်ကွက် မြို့ပတ်လမ်းပေါ်မှာ ပိတ်ဆို့မှု လုပ်နေချိန် မြန်မာနိုင်ငံသား တဦးဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးတွေလည်း ဖမ်းဆီးရမိတယ်လို့ တာချီလိတ်မြို့မရဲစခန်းရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

တာချီလိတ်မြို့အတွင်း လူသတ်မှု ၂ မှုနဲ့ သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကြပ်မှုတွေအပြင် ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013