DVB Logo
Home
မြန်မာသတင်း
၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကျင်းပ
DVB
·
February 11, 2019
၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကျင်းပ
1 / 4
Donate to DVB

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ကျရောက်တဲ့  ၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့  ဧရာဝတီတိုင်းက ကရင်အမျိုးသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ပြုလုပ်နေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်နဲ့ လပွတ္တာ ခရိုင်နှစ်ခု ပူးပေါင်းပြီး မြောင်းမြို့နယ် စခမ်းကြီးကျေးရွာမှာ ကရင်အမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့သလို  ကျောင်းကုန်းမြို့နယ် ဗျိုက်ကျေးရွာအုပ်စု အနောက်စုကျေးရွာမှာလည်း ကျင်းပပါတယ်။

ရန်ကုန်မြို့မှာတော့ ယုဒသာန်ရိပ်သာမှာ ကျင်းပခဲ့ပြီး ကရင်ပြည်နယ်မှာတော့  ဘားအံမြို့နယ် ခလောင်ထောင်ကျေးရွာမှာ ပြုလုပ်ပါတယ်။

ကရင်အမျိုးသားနေ့အခမ်းအနားမှာ ကရင်အမျိုးသားအလံတော်တင် အလေးပြုတာ၊ ကျဆုံးသွားတဲ့ ကရင်ခေါင်းဆောင်အာဇာနည်တွေကို အလေးပြုတာနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က  ၀န်ကြီးချုပ် ဦးနုခေါင်းဆောင်တဲ့ ဖဆပလအစိုးရကို  မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ခြင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ  ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲဟာ ကရင်အမျိုးသားတွေရဲ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့တာနဲ့ အနာဂါတ် နိုင်ငံတော်ကြီးကို တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုနဲ့ တည်ဆောက်ရေးအတွက် ရှေးဦးလမ်းပြခဲ့တာ ဖြစ်တယ်လို့ ကရင်အမျိုးသားတွေက မှတ်ယူထားပါတယ် ။

၁၉၅၃ ခုနှစ် နိုဝင်ဘာ ၂၃ရက်နေ ၂၅ရက်အထိ  ဖာပွန်မြို့ ကော်သူးလေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ကရင်လူမျိုးတွေ ဆန္ဒဖော်ထုတ်ခဲ့တဲ့  ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို “ကရင်အမျိုးသားနေ့” အဖြစ် သတ်မှတ်ပြီး ကျင်းပကြတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - Saw Khwar Khwar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013