DVB Logo
Home
မြန်မာသတင်း
လမ်းမတော်တွင် လောင်းကစားဂိမ်းစက်များနှင့်အတူ လူ ၃၇ ဦး ဖမ်းမိ
DVB
·
February 11, 2019
လမ်းမတော်တွင် လောင်းကစားဂိမ်းစက်များနှင့်အတူ လူ ၃၇ ဦး ဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မှာ လောင်းကစားဂိမ်းစက်တွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လူ ၃၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က လမ်းမတော်မြို့နယ်၊ ၂ ရပ်ကွက်ရှိ “Avatar Game World ” ဆိုင်မှာ ငါးမန်းဂိမ်းလောင်းကစား ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ဝင်တွေဦးစီးတဲ့အဖွဲ့က ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာပါ။

လောင်းကစားဂိမ်းဆိုင် မန်နေဂျာ မအိဖြူမြင့်ပါ ၁၄ ဦးနဲ့ လောင်းကစားနေသူ ၂၃ ဦး စုစုပေါင်း ၃၇ ဦး (ကျား ၂၅၊ မ ၁၂) ဦးတို့ကို လောင်းကစားရာမှာ အသုံးပြုတဲ့ ဂိမ်းစက်မျိုးစုံ ၂၇ လုံး၊ ဆက်စပ်ပစ္စည်းတွေ၊ လောင်းကြေးငွေ ၇၄၁,၉၀၀ ကျပ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မအိဖြူမြင့်အပါအ၀င် ၃၇ ဦးအား လမ်းမတော်မြို့မရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013