DVB Logo
Home
မြန်မာသတင်း
သရပါဟိုတယ်​ အလုပ်​ဖြုတ်​ခံ အလုပ်​သမားများ ၇ ကြိမ်​​မြောက်​ ဆန္ဒပြ
DVB
·
February 11, 2019
သရပါဟိုတယ်​ အလုပ်​ဖြုတ်​ခံ အလုပ်​သမားများ ၇ ကြိမ်​​မြောက်​ ဆန္ဒပြ
Donate to DVB

မန္တလေးတိုင်း၊ ညောင်​ဦးမြို့နယ်​၊ ပု​ဂံ​ရှေး​ဟောင်းယဉ်​​ကျေးမှု​ဒေသရှိ သရပါဟိုတယ်​မှ အလုပ်​ဖြုတ်​ခံရ​တဲ့ အလုပ်​သမားတွေဟာ  အလုပ်အကိုင်ပြန်လည်ရရှိရေးအတွက် သရပါဟိုတယ်​ အနီးမှာ မနေ့က ၇ ကြိမ်​ ​မြောက်​ ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်။

ဟော်​တယ်​ချစ်​သူ မြို့နယ်​လုံးဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်း HLOB  ဥက္ကဋ္ဌ ဦးသိန်းရွှေက “ဒီအလုပ်​ကို မလုပ်​လို့ ငတ်​သွားမှာ​တော့ မဟုတ်​ဘူး။ ဒါ​ပေမယ့် အလုပ်​သမား အဖွဲ့အစည်းကို ဖြိုခွဲတာ ​ပေါ်လွင်​တယ်​။ အခုလိုလုပ်​​နေရင်​ ​နောက်​ဆက်​တွဲ ​ဟော်​တယ်​​တွေမှာ လုပ်​​နေတဲ့ အလုပ်​သမား​တွေအ​ပေါ် ဖိနှိပ်​ခံရလာနိုင်​လို့ အခုလို ဆန္ဒ​ဖော်​ထုတ်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်။

ဆန္ဒ​ဖော်​ထုတ်​ရာမှာ သရပါ ဟိုတယ်​မှ အလုပ်​ထုတ်​ခံရ​တဲ့ အလုပ်​သမား ​ခေါင်း​ဆောင်​တွေ ပြန်​လည်​ခန့်​ထား​ရေး၊ မတရားအလုပ်​ထုတ်​ခြင်းများ ရပ်​တန့်​​ရေး၊ အလုပ်​သမားသမဂ္ဂ ဖြိုခွင်းသူများ အလိုမရှိ၊ ပုဂံ​ဒေသခံများအ​ပေါ် ဂုတ်​​သွေးစုတ်​ အမြတ်​ထုတ်​​သော ခရိုနီများအလိုမရှိ၊သရပါ ဟိုတယ်​​မြေအငှားချထားမှုအ​ပေါ် အစိုးရက ပြန်​လည်​စိစစ်​​ပေး​ရေး စတာတွေ ​ကြွေး​ကြော်​ပြီး အင်​အား ၃၀ လောက်နဲ့  ဆန္ဒ​ပြခဲ့ကြတာပါ။

HLOB မှ အလုပ်​အမှု​ဆောင်​ ဦးညိုက “မန္တ​လေးတိုင်း ဝန်းကြီးဌာနအဖွဲ့ က အဆင်​​ပြေ​အောင်​ကူညီ​ပေးမယ်​လို့ အာမခံထားပြီး အချိန်နှစ်လ ကြာတဲ့အထိ ​မျှော်​မှန်းသလို ဖြစ်​မလာဘူး။ လှုပ်​ရှားမှုတခုခုလုပ်​မှ အသိပြန်​ဝင်​မယ်​ဆိုတဲ့ အ​နေအထားနဲ့ ပြန်​လည်​ ​ဆောင်​ရွက်​ရခြင်းဖြစ်​တယ်​”လို့ ပြောပါတယ်​။

ပုဂံသရပါဟိုတယ် အလုပ်သမာတွေအနေနဲ့ အလုပ်ပြန်လည်ရရှိဖို့အတွက် ၂၀၁၈  အောက်တိုဘာ ၁၂ ရက်က စတင်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာမှာ ၂လအကြာမှာ သပိတ်စခန်းဖြိုခွင်းခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း  သရပါဟိုတယ်က အလုပ်ထုတ်ခံအလုပ်သမားများ အပြင် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနဲ့  ပါဝါဓာတ်ခဲစက်ရုံက အလုပ်ထုတ်ခံ အလုပ်သမားတွေ စုပေါင်းပြီး ပုဂံကနေ နေပြည်တော် ချီတက်ဆန္ဒပြခဲ့ရာမှာလည်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရပါတယ်​။

သပိတ်စခန်းဖွင့်လှစ်မှုကြောင့် ပုဂံသရပါဟိုတယ်အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုနေမျိုးဝင်း အပါအ၀င် သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အလုပ်ထုတ်ခံ အလုပ်သမား ၁၃ ဦးတို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်​။

 

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013