DVB Logo
Home
မြန်မာသတင်း
မျက်မမြင်များအတွက် စာများကို အသံထွက်ပေးမည့် ဆော့ဖ်ဝဲလ်တခု ဖြန့်ချိထား
DVB
·
February 10, 2019
မျက်မမြင်များအတွက် စာများကို အသံထွက်ပေးမည့် ဆော့ဖ်ဝဲလ်တခု ဖြန့်ချိထား
Donate to DVB

မျက်မမြင်တွေအတွက် စာတွေကို အသံထွက်ပေးမယ့် ကွန်ပျူတာသုံးဆော့ဖ်ဝဲလ်တခုကို မြန်မာနိုင်ငံ မျက်မမြင်အသင်းက ဖြန့်ချိထားပါတယ်။

Myanmar Text To Speech (Myanmar TTS) လို့ခေါ်တဲ့ ဒီဆော့ဖ်ဝဲလ်က မြန်မာဘာသာနဲ့ ရေးထားတဲ့စာတွေအတွက်ရော အင်္ဂလိပ်ဘာသာအတွက်ပါ အသံထွက်ပေး နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မျက်မမြင်များ အသင်းရဲ့ စီမံကိန်းတာဝန်ခံ ကိုပြည့်ဖြိုးပိုင်က “မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက ပညာရှင်တွေ ပူးပေါင်းရေးဆွဲထားတာပါ။ တနှစ်လောက်ကြာခဲ့ပါတယ်။ ဒါက မြန်မာအသံထွက်နိုင်တဲ့ ပထမဆုံး ဆော့ဖ်ဝဲလ်မဟုတ်ပေမယ့် အတတ်နိုင်ဆုံး အကောင်ဆုံး ဖြစ်အောင် လုပ်ထားပါတယ်။ နောက်ပိုင်းမှာ ပါဠိစကားတွေ၊ ကိန်းဂဏန်းအတွဲတွေကိုလည်း ဖတ်နိုင်အောင် အဆင့်မြှင့်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ Myanmar 3 Unicode Font ကိုပဲ ဖတ်နိုင်သေးပြီး ဇော်ဂျီနဲ့ ရေးထားတွေ ဆိုရင်တော့ ကွန်ဗက်တာတမျိုးမျိုးနဲ့ ပြောင်းပြီးမှ ဖတ်လို့ရမှာပါ။

ကွန်ပျူတာမှာ သုံးစွဲနေတဲ့ စာတွေအားလုံးကို ဖတ်ပြပေးဖို့အတွက်ကတော့ Screen Reader တမျိုးမျိုး၊ SAPI တို့နဲ့ တွဲသုံးမယ်ဆိုရင် အသုံးပြုနေတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ စာရေးသားတဲ့ နေရာတွေမှာ ရှိသမျှ မြန်မာစာကို အသံထွက်ပေးမှာ ဖြစ်ပါတယ်။

မြန်မာစာကိုတော့ မြန်မာအမျိုးသမီးတယောက်ရဲ့ အသံနဲ့ ဖတ်ပြပေးမှာ ဖြစ်ပြီး အင်္ဂလိပ်စာကိုတော့ မူရင်းအခြေခံဆော့ဖ်ဝဲလ်က အသံထွက်ပေးမှာပါ။

ကိုပြည့်ဖြိုးပိုင်က “ခုက ကွန်ပျူတာမှာပဲ သုံးလို့ရတာဆိုတော့ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ မျက်မမြင်တွေအတွက် အများကြီး အဆင်ပြေသွားတာပေါ့။ မျက်မမြင်တွေ ဖုန်းသုံးကြတယ် ဆိုပေမယ့် လတ်တလောမှာတော့ ဖုန်းမှာသုံးတဲ့ အက်ပလီကေးရှင်းအနေနဲ့ ထုတ်ဖို့တော့ မရှိသေးပါဘူး” လို့ ပြောပါတယ်။

ဒီဆော့ဖ်ဝဲလ်ကို မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှာ အခမဲ့ ရယူနိုင်သလို သူတို့ရဲ့ ဝက်ဘ်ဆိုဒ် http://www.mnab-myanmar.org/home/burmese-text-to-speech-software-launching/

မှာလည်း ရယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013