DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေကို တပ်မတော်၊ နိုင်ငံရေးအင်အားစုအားလုံး ပူးပေါင်းပြင်ဆင်ကြရန် တိုက်တွန်း
DVB
·
February 10, 2019
အခြေခံဥပဒေကို တပ်မတော်၊ နိုင်ငံရေးအင်အားစုအားလုံး ပူးပေါင်းပြင်ဆင်ကြရန် တိုက်တွန်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေးအတွက် တပ်မတော်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ အားလုံးပူးပေါင်း ပြင်ဆင်ကြဖို့ ပဲခူးတိုင်း သယံဇာတ သစ်တော နဲ့ စည်ပင်ဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆိုကို အောင်မြင်ခဲ့ပြီးနောက် အဲဒီပူးပေါင်းကော်မတီကို ၀န်းရံထောက်ခံတဲ့ ဆိုင်းဘုတ်တင်ပွဲကို မနေ့မနက်က ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ကြပါတယ်။

စည်ပင်ဝန်ကြီး  ဒေါက်တာစောညိုဝင်းက “ဒီ၂၀၀၈ အခြေခံဥပဒေကြောင့် တရားဥပဒေ စိုးမိုးရေးကိစ္စတွေ၊ စီမံခန့်ခွဲမှုကိစ္စတွေ၊ အလွဲလွဲအချော်ချော်ကိစ္စတွေ၊ ထိရောက်မှုတွေမှာ လိုအပ်သလောက် မရှိတာတွေ စတဲ့အခက်ခဲတွေ ကြုံတွေ့နေရကြောင်း၊ တိုင်းပြည်ကို တကယ်ချစ်တယ်၊ တကယ်ကောင်းစေချင်တယ်ဆိုရင် ဘယ်အရောင်ကိုမှ တရားသေစွဲကိုင်မထားဘဲ တပ်မတော်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ အားလုံးကနေ ၂၀၀၈ အခြေခံဥပေဒကို ပြည်သူ့ဆန္ဒနဲ့အညီ ဒီအချိန်မှာ ရဲရဲရင့်ရင့် ပြင်သင့်ပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်သူကို အခြေခံတယ်၊ ပြည်သူကနေ အာဏာဆင်းသက်တယ်ဆိုပေမယ့် နိုင်ငံရေးကို တပ်မတော်က ဦးဆောင်နေတဲ့ အခန်းကဏ္ဍကို တွေ့နေရတယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်ဇင်က ဒီဗွီဘီကိုပြောပါတယ်။

“ဦးဆောင်သူဟာ ဒီမိုကရေစီနိုင်ငံအားလုံးမှာ ပြည်သူကသာ တိုင်းပြည်ကို အုပ်စိုးသူ ဖြစ်ရမယ့်အစား တပ်မတော်ကသာ အုပ်စိုးသူအနေအထားမျိုး၊ ဥပဒေထဲမှာကို အပြန်အလှန် သဘောထားခြင်း မတိုက်ဆိုင်တဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့အတွက် ဒီအခြေခံဥပေဒပြင်ဆင်ရေးကို အပြည့်အ၀ထောက်ခံတယ်” လို့ ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံတဲ့ ဆိုင်းဘုတ်တင်ပွဲကို ပဲခူးတိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အန်အယ်လ်ဒီ ပါတီဝင်တွေ နဲ့ ဒေသခံပြည်သူ ၁၅၀ လောက် ပူပေါင်းစိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013