DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုရိုက်ကူး ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် အမျိုးသားကို အမှုဖွင့်
DVB
·
February 10, 2019
ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုရိုက်ကူး ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် အမျိုးသားကို အမှုဖွင့်
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးယာဉ်တန်းကို ဗွီဒီယိုမှတ်တမ်း ရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ်ပေါ်တဲ့ အမျိုးသားတယောက်ကို ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲလောက်က ပုဏ္ဏားကျွန်းမြို့နေသူ  ဇော်ဝင်းနိုင် ဆိုသူဟာ Ko Zaw Win Naing အကောင့်အမည်နဲ့ လူမှုကွန်ရက်ပေါ် စစ်တွေမှ မြောက်ဦးဘက်ကို ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး တင်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တွေဘက်မှ ရဲကားအစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုဖော်ပြတာဟာ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံရေးကျိုးပေါက်စေဖို့ အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့)မတရားအသင်းအဖွဲ့အစည်းတခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်း စစ်ဆေးတွေ့ရှိရလို့ ဇော်ဝင်းနိုင် (ဖမ်းမိ)အား ပုဏ္ဏားကျွန်းမြို့မရဲစခန်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013