DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးရန် လက်မှတ်ကောက်ခံဆန္ဒပြ
DVB
·
February 10, 2019
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပေးရန် လက်မှတ်ကောက်ခံဆန္ဒပြ
Donate to DVB

ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရေးဖျက်သိမ်းပေးဖို့ မကွေးတိုင်း သရက်မြို့မှာ ဖေဖော်ဝါရီ ၉ ရက် မနက်က လက်မှတ်ကောက်ခံပြီး စတေကာကမ်ပိန်း ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်နဲ့ သရက်မြို့နယ်အင်အားစုတွေက ဦးဆောင်ပြီး ခွင့်ပြုချက်နဲ့ ပြုလုပ်ခဲ့တာပါ။

ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်နဲ့ ကားတွေမှာ မြစ်ဆုံဆည်အလိုမရှိ၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ပါသည် စာသားများပါတဲ့ စတေကာတွေကပ်ပြီး မြစ်ဆုံဆည်ဖျက်သိမ်းရေးအတွက် ပြည်သူတွေထံက လက်မှတ်တွေ ကောက်ခံခဲ့ပါတယ်။

ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်အဖွဲ့မှ ဦးဆောင်သူ ဦးအောင်လှိုင်သန်းက “မြစ်ဆုံစီမံကိန်းသာ လုပ်မယ်ဆိုရင်ရလာတဲ့ အကျိုးဆက်တွေကို မလိုချင်ကြောင်း ပြည်သူ လူထုရဲ့ စိုးရိမ်မှုကိုဖော်ပြတာဖြစ်ပြီး နိုင်ငံသူနိုင်ငံသား မဟုတ်တဲ့သူတွေရဲ့ လွှမ်းမိုးချယ်လှယ်တာ ကို မခံချင်တဲ့အတွက် ဆန္ဒထုတ်ဖော်တာပါ” လို့ ပြောပါတယ်။

သရက်မြို့နယ်အင်အားစု ဒေါ်သင်းသင်းမူက “ဧရာဝတီမြစ်ရေကို ငယ်ကတည်းကနေ ခုအသက်အရွယ် ၆၀ ကျော်ထိ သောက်သုံးလာတာ အသက်သခင်ကျေးဇူးရှင်မို့ အသက်ပါပေးဖို့ အထိ ပြည်သူတွေ ဆန္ဒရှိပါတယ်”လို့ ဆိုပါတယ်။

သရက်မြို့က ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်လို့ ဧရာဝတီမြစ်ကြီး သဘာဝ အတိုင်း စီးဆင်းရှင်သန်စေရေးအတွက် မြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးရေး ပြည်သူတွေထံက လက်မှတ်ကောက်ခံတာဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ သရက်မြို့ ပြည်သူတွေရဲ့ဆန္ဒသဘောထားသိရှိဖို့ ပေးပို့သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013