DVB Logo
Home
မြန်မာသတင်း
ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းတွင်​ ဝမ်း​ရောဂါ နှင့် ​​ရေ​ကျောက်​ရောဂါ​ ​ကူးစက်​မှုဖြစ်​ပွား​နေ
DVB
·
February 10, 2019
ဝါး​တောင်​ စစ်​​ဘေး​ရှောင်​စခန်းတွင်​ ဝမ်း​ရောဂါ နှင့် ​​ရေ​ကျောက်​ရောဂါ​ ​ကူးစက်​မှုဖြစ်​ပွား​နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းမှာ ဝမ်းရောဂါနဲ့ ရေကျောက်ရောဂါ ဖြစ်​ပွားနေတယ်လို့ ​ကျောက်​​တော်​မြို့နယ်​ ကျန်းမာ​ရေးပညာ​ပေးဌာနမှ တာဝန်ရှိသူ ကိုကိုလွင်​က​ ပြောပါတယ်​။

မြို့နယ်​ပြည်​သူ့ ကျန်းမာ​ရေးဦးစီးဌာနက ကွင်းဆင်းကုသပေးနေသလို ​ လိုအပ်​တဲ့သူ​တွေကို အ​ပေါက်​၀ဆေးရုံနဲ့ ​ကျောက်​​တော်ဆေးရုံေ​တွေကို ပို့​ဆောင်​​ကုသပေးနေပြီး အများစုက ပြန်ကောင်းသွားပြီလို့ ​ကျောက်​​တော်​မြို့နယ်​ ကျန်​မာ​ရေးပညာ​ပေးဌာနမှ သိရပါတယ်။

ကျောက်​​တော်​မြို့နယ်​ ကျန်း​မာ​ရေးပညာ​ပေးဌာနမှ ပြည်​သူ့ကျန်းမာ​ရေးကြီးကြပ်​ ၂ ကိုကိုလွင်​က “၀မ်း​လျှော့ဝမ်းပျက်​​ရောဂါကို သူတို့​နေထိုင်​မှုအ​ပေါ် မူတည်​ပါတယ်​။ သူတို့ကို မစင်​စွန့်​ပစ်​မှု စနစ်​တကျဖြစ်​​အောင်​ စီမံထား​ပေမယ့် စည်းကမ်းမလိုက်​နာနိုင်​လျင် ၀မ်း​ရောဂါက​တော့ ဆက်​လက်​ဖြစ်​ပွား​နေမှာပါ။ မြို့နယ်​ပြည်​သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ကိုယ်​တိုင်​ လာ​ရောက်​ပြီး ကုသ​နေပါတယ်​။ ဖြစ်​ပွားမှုက ဒီ​လောက်​မများပါဘူး။ စာရင်း​တွေ ထပ်​​နေလို့ပါ။ ​အများစုက ​ကောင်းသွားကြပါပြီ။ ဒီလိုဖြစ်​ရတာ သူတို့စည်းကမ်းမရှိလို့ပါ၊ ICRC အဖွဲ့မှရေသန့်စနစ် သောက်ရေအိုးများ ဖြန့်ဝေပေးထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးထားတာတွေလည်း ရှိပါတယ်။ စနစ်တကျ မသုံးစွဲတတ်ကြသေးတဲ့အပြင် ကျန်မားရေးဌာနက ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးတာတို့၊ အသိပညာပေး ဟောပြောခြင်းတို့ လုပ်ဆောင်နေပါတယ်။ လက်တွေ့ အသုံးချနိုင်မှု အားနည်းတဲ့အတွက် ခုလို ဖြစ်ရတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

၂ နှစ်​​အောက်​ က​လေး​တွေကို ရေကျောက်ရောဂါကာကွယ်​​ဆေးထိုး​ပေးထားပြီး ဒီ​ရောဂါက သူတို့ မူလ​နေထိုင်​ရာ ​ဒေသက​နေလည်း ပါလာနိုင်တာလို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ရေကျောက်ရောဂါကုသပုံကို အခုလို ဆက်ပြောပါတယ်။

“ကုသပုံကတော့ ဗိုင်းရပ်(စ်)ပိုးအတွက် ပေးထားတဲ့ဆေးကတော့ မရှိပါဘူး။ အဖျားကြီးရင် အဖျားကျဆေးပေးမယ်။ ယားယံလျှင် အယားပျောက် ဆေးတွေပေးပါတယ်။ အရည်ကြည်ဖု ပြည်တည်လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးဖို့ လိုပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျသွားမှာပါ။ ဘာဆေးမျှလိမ်းစရာမလိုပါဘူး။ အမာရွတ်လည်း ထင်ကျန် ခြင်း မရှိပါဘူး။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေး ကျန်တက်ပါတယ်။ ပြည်တည် ရောဂါ ပိုးဝင်ရင်လည်း ကျန်တက်ပါတယ်။ ရေကျောက်ရောဂါဟာ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို သာမန်အားဖြင့် ထိုးမပေးပါဘူး။ ခုခံအားကျဆင်းနေ တဲ့ ကလေးတွေဆိုရင်တော့ ထိုးပေးနိုင်ပါတယ်။ ဒီရောဂါဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖု လေးတွေဖြစ်ပေါ်လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ သူ့ဘာသာသူ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဖြစ်​ပွားမူ ဦး​ရေက သိပ်​မများပါဘူး။ ကျနော်​တို့က၂ နှစ်​​အောက်​ က​လေး​တွေကို ကာကွယ်​​ဆေး ထိုး​ပေးထားပါတယ်​။ ဒီ​ရောဂါက သူတို့ မူလ​နေထိုင်​ရာ​ဒေသက​နေလည်း ပါလာနိုင်​ပါတယ်။ MR cam ဝက်သက်နှင့်ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးခြင်း အဖွဲ့​တွေကို ကျနော်တို့​ စောင့်​​နေပါတယ်​။ မြန်​မာပြည်​အနှံ့ထိုးနှံ​နေတာပါ။ ရခိုင်​ပြည်​ကို ​ရောက်​လာဖို့ရှိပါတယ်​”လို့ ပြောပါတယ်။

ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးတဲ့ အဖွဲ့​တွေရခိုင်​ပြည်​နယ်ကို ​ရောက်​လာဖို့ရှိတယ်​လို့လဲပြောပါတယ်​။ ၀ါးတောင် စစ်ဘေးရှောင် စခန်းမှာ အိမ်ထောင်စု ၂၁၉ စု၊ လူဦးရေ ၁၁၉၀ ဦးရှိပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013