DVB Logo
Home
မြန်မာသတင်း
ကံမမြို့က လယ်မြေသိမ်းဆည်းခံ တောင်သူများကို လျော်ကြေးငွေ ပေးအပ်
DVB
·
February 10, 2019
ကံမမြို့က လယ်မြေသိမ်းဆည်းခံ တောင်သူများကို လျော်ကြေးငွေ ပေးအပ်
Donate to DVB

မကွေးတိုင်း ကံမမြို့မှာ ၂၀၀၆၊ ၂၀၀၇ ခုနှစ်က ကြံခင်း-ပခုက္ကူ ရထားလမ်း ဖောက်လုပ်ရာမှာ လယ်ယာမြေသိမ်းဆည်းခံရတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက တောင်သူ တွေကို မြန်မာ့မီးရထားဌာနက မြေယာလျော်ကြေးတွေ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပေးအပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် လွှတ်တော်ကိုယ်စားလှယ်ဘဝက မီးရထားလမ်းဖောက်လုပ်ရာမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေလျော်ကြေးရဖို့ အရင် အစိုးရထံ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးခဲ့တာမှာ ဘဏ္ဍာငွေရန်ပုံငွေရရင် ပေးလျော်မယ်လို့ ကတိရရှိခဲ့ပါတယ်။

မကွေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က “၂၀၁၆ ခုနှစ်လောက်ကတည်းက ရထားလမ်းပြေးဆွဲခြင်း မရှိတော့ဘူး။ စီမံကိန်းဝင်ငွေ မရှိတော့ နိုင်ငံတော်အနေနဲ့ပေးဖို့ ပြန်သုံးသပ်နေတာဖြစ်မယ်။ ကျနော်ကတော့ တတ်နိုင်သမျှ အရေးဆိုခဲ့လို့ ခုအစိုးရသက်တမ်း ၃ နှစ်ပြည့်ပြီးနောက်နေ့မှာ အခုလို  မြေယာလျော်ကြေး ပေးနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။

ယာမြေ ၁ ဧက ၁၅ သိန်း၊ လယ်မြေ ၁ ဧက သိန်း ၂၀ နူန်းနဲ့ ကျေးရွာ ၁၃ အုပ်စုမှ တောင်သူ ၃၉၀ ဦး၊ ဧက ၃၆၀ အတွက် ငွေသန်းပေါင်း ၅၉၀ ကျော် ပေးလျော်ခဲ့တာပါ။

အုပ်စု ၂ စုမှတောင်သူ ၈၇ ဦး ၇၇ ဧကကျော် အတွက်ငွေသန်းပေါင်း ၁၇၀ ကျော်ပေးလျော်ဖို့ ကျန်ရှိနေပါသေးတယ်လို့ သိရပါတယ်။

ညောင်တန်းကျေးရွာက တောင်သူဦးဆန်းထွဋ်က “မျှော်လင့်ချက် မရှိတော့ဘူး။ ဆုံးရှူံးနစ်နာတာကို ဝမ်းနည်းပက်လက်ဖြစ်နေချိန်မှာ တောင်သူ လယ်သမားထုတရပ်လုံးရဲ့ အကျိုးစီးပွားကို ဦးလည်မသုံဆောင်ရွက်ပေးလို့ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေကို ကျေးဇူးတင်ဝမ်းသာ ဂုဏ်ယူပါတယ်”လို့ ဆိုပါတယ်။

မြန်မာ့မီးရထားတာဝန်ရှိသူတွေက မြေယာလျော်ကြေးရရှိတဲ့ တောင်သူတဦးချင်းကို ချက်လက်မှတ်တွေ ချက်ချင်းထုတ်ပေးပြီး မြေယာလျော်ကြေးပေးဖို့ ကျန်ရှိနေတဲ့ တောင်သူတွေ ကိုလည်း အမြန်ဆုံးလျော်ကြေးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013