DVB Logo
Home
မြန်မာသတင်း
ကုန်းကြမ်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၆၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 10, 2019
ကုန်းကြမ်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၆၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ်မှာ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက် ညနေ ၆ နာရီခွဲလောက်က ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ်၊ ရှောက်ကျုံရှမ်းကျေးရွာတ၀ိုက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လူမနေထိုင်တဲ့ တောင်ယာတဲအတွင်းကနေ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးထဲမှာ ဘိန်းဖြူမှုန့် ၃၂.၅ ကီလိုဂရမ်၊ ICE ၁.၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် ၁၁.၄ ဂရမ်၊ ဘိန်းကြမ်းမှုန့် ၁၄ ကီလိုဂရမ်နဲ့ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဓာတုဆေးရည်/ပစ္စည်းတွေ၊ လက်အိတ်တွေ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ၊ ဖန်ပေါင်းချောင်တွေ၊ ဓာတ်ခွဲခန်းသုံးဖန်ပြွန်တွေ၊ ဂတ်(စ်)အိုးတွေ၊ မော်တာတွေ အပါအဝင် စုစုပေါင်းပစ္စည်း ၃၄ မျိုး၊ တန်ဖိုး  ၆၆၃,၇၂၅,၃၂၀ ကျပ်လောက် သိမ်းဆည်းရမိခဲ့ပါတယ်။

ကုန်းကြမ်းမြို့မရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ခ)၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013