DVB Logo
Home
မြန်မာသတင်း
မူးယစ်မှုဖြင့် အဖမ်းခံရသူ၏ ရွှေထည်​များ အတုဖြင့်လဲလှယ်ခံရမှု သတင်းစာရှင်းလင်း
DVB
·
February 10, 2019
မူးယစ်မှုဖြင့် အဖမ်းခံရသူ၏ ရွှေထည်​များ အတုဖြင့်လဲလှယ်ခံရမှု သတင်းစာရှင်းလင်း
Donate to DVB

မူးယစ်ဆေးဝါးမှုနဲ့ဖမ်းဆီးခံရတဲ့ အမျိုးသမီးတဦးထံက သိမ်းဆည်းခဲ့တဲ့ ရွှေလက်ကောက် အစစ်​တွေကို လက်​​ကောက်​အတုတွေနဲ့ လဲလှယ်​ခံခဲ့ရတာကြောင့် ဖေဖော်ဝါရီ ၉ ရက်​နေ့ က မန္တလေးမီဒီယာစင်​တာမှာ ဖမ်းဆီးခံရတဲ့ ဒ်ါမြင့်သိန်းရဲ့ မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်​။

ကွတ်ခိုင်မြို့က​နေ အလောင်းတော်ကဿပ ဘုရားဖူးသွားတဲ့ ဒေါ်မြင့်သိန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က (၁၆) မိုင်စစ်ဆေးရေးဂိတ်က မူးယစ်ဆေးဝါးတွေ ပါလာတယ်​ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်​။

ဒေါ်မြင့်သိန်းရဲ့ရွှေလက်ကောက် ၈ ကွင်း၊ လက်စွပ် ၂ ကွင်း၊ နားဋောင်း ၁ ရံ၊ ရွှေကလစ် ၁ ခုကိုပါ ဆက်​ပြီးသိမ်းခဲ့ပါတယ်​။

သိမ်းဆည်းခဲ့တဲ့ ရွှေထည်ပစ္စည်း လက်ဝတ်လက်ရတနာ​တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပုသိမ်​ကြီးမြို့နယ်​ အုန်းချောရဲစခန်းက တာဝန်ရှိရဲတဦးက သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေ ပြန်ပေးရာမှာ လက်​​ကောက်​ ၈ ကွင်းမှာ အတုတွေ ပါလာတာလို့ သမီးဖြစ်​သူ မလှလှဝင်းက ​ပြောပါတယ်​။

“သိမ်းဆည်းခဲ့တဲ့ရဲက ကျမကိုပေးတော့ လက်ကောက် သုံးကွင်းက ကြီးနေတယ်​​​လေ။ ​နောက်ပြီး ကြေးရောင်ပေါက်နေတယ်။ အဲဒါနဲ့ပဲ အမေ့ကိုသွားပြီး ပြန်​ပြလိုက်​တယ်။ အ​မေက ၃ ကွင်းက လွဲ​နေတယ်။ ဒါမဟုတ်ဘူးလို့​ပြောတယ်​၊ တကယ်​ဆို သိမှာမဟုတ်​ဘူး​လေ။ အမေ့ အတွက် ရှေ့နေငှားဖို့ ငွေလို​နေလို့ သွားရောင်းလိုက်​​တော့ပဲ ၃ ကွင်းက အတုဖြစ်နေတယ်။ ဆိုတာကို​ သေချာသိလိုက်​ရတာ။”

အခုကိစ္စကို ဒေါ်မြင့်သိန်းရဲ့ မိသားစုဝင်​တွေက နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်​ထဲ​ရေးဌာနနဲ့တကွ သက်​ဆိုင်​ရာဌာနအသီးသီးကို တိုင်ကြားထားခဲ့တာ​ကြောင့် စစ်ဆေးဖမ်းဆီးခဲတဲ့ ရဲအုပ်​ထွန်းလင်း​​အပါအဝင်​ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို စုံခုံဖွဲ့ပြီးစစ်ဆေး​နေ​ကြောင်း ပုသိမ်​ကြီးမြို​နယ်​ရဲတပ်​ဖွဲ့မှူးရုံး ရဲမှူး မျိုးညွန့်​သန်းက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013