DVB Logo
Home
မြန်မာသတင်း
ရှမ်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်သို့ ရွာသား ၅၀၀ ခန့် တိမ်းရှောင်
DVB
·
February 10, 2019
ရှမ်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်သို့ ရွာသား ၅၀၀ ခန့် တိမ်းရှောင်
1 / 4
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ SSPP နဲ့ RCSS တို့ ပစ်ခတ်တာတွေ ဖြစ်နေလို့ အနားက ရွာသား ၅၀၀ လောက် ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာကြပါတယ်။

မနေ့ညနေပိုင်းက မြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ ပန်လော့နဲ့ နမ့်ပျဉ်ရွာသားတွေဟာ မြို့ပေါ်ကို တိမ်းရှောင်လာတာလို့ ကျောက်မဲလူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“မနေ့ ညနေ ၅ နာရီခွဲလောက်မှာ ရောက်လာတာ။ ပန်လော့က ပိုများတယ်။ လူက များလာတော့ ပန်လော့က လူတွေကို ရွှေကျင်ကျောင်း၊ နမ့်ပျဉ်က လူတွေကို အောင်ဆုပန် ကျောင်းမှာ ခွဲထားလိုက်ရတယ်။ လတ်တလောမှာတော့ အစိုးရက ထောက်ပံ့တာရှိသလို လူမှုရေးအသင်း ၂ ခုကလည်း ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှာ ပန်လော့နဲ့ နမ့်ပျဉ်ရွာကြားမှာ ပစ်ခတ်တာ ခဏဖြစ်ခဲ့ပြီး မနေ့က မနက်ဘက်မှာတော့ အချိန်တော်တော်ကြာပစ်ခတ်တာတွေ ဖြစ်နေလို့ ရွာသားတွေ ထွက်ပြေးလာတာပါ။

လက်ရှိမှာ မြို့ပေါ်ကိုရောက်လာသူဦးရေက ၅၀၀ လောက်ရှိပြီး ၁၂ အောက်ကလေး ၁၇၀ လောက် ပါပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူ ကိုသားဇော်က “သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ အများစုပြောင်းလာကြတာ။ ပန်လော့မှာတော့ ဘုန်းကြီးကျောင်းမှာ လူ ၃၀၀ လောက် ကျန်ခဲ့တယ်။ နမ့်ပျဉ်မှာလည်း အိမ်စောင့်တွေ ကျန်နေခဲ့တယ်။ အဖွဲ့တခုက ပစ်လို့ နောက်တဖွဲ့က ပြန်ပစ်ပြီး တိုက်ပွဲဖြစ်မှာစိုးလို့ ရှောင်လာကြတာ။ ခုက တိုက်ပွဲလို ဖြစ်နေတာတော့ မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်တွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အိမ်သုံးပစ္စည်းတွေ ထောက်ပံ့ထားသလို ကျော်ကမဲမြို့ စစ်ရှောင်ကော်မတီရဲ့ ငွေလက်ကျန်တွေနဲ့ စားသောက်ရေးကို စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

မူလတန်းကျောင်းသားတွေ စာမေးပွဲပြီးသွားပြီဖြစ်ပေမယ့် ၄ တန်း ၈ တန်းကလေးတွေ ကျန်နေသေးတာကြောင့် သူတို့ စာမေးပွဲဖြေဆိုဖို့၊ စာသင်ပေးဖို့ကို ဒီနေ့ မေးမြန်း စီစဉ်ပေးမယ်လို့လည်း ကိုသားဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလကလည်း ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသားတဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရှမ်းပြည်တိုး တက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) အားလုံးပါဝင်မှသာ အန်စီအေကို လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူ စွဲကိုင်ထားပါတယ်။

 

ဓာတ်ပုံ - Thar Zaw Lso

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013