
ပထမဆုံးကြိမ် မြန်မာ့သနပ်ခါးပွဲတော်ကို ရန်ကုန်မြို့မှာ ၆ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာလူမျိုးအနေနဲ့ မြန်မာ့သနပ်ခါးကို သတိတရရှိနေစေဖို့နဲ့ မြန်မာ့သနပ်ခါး ကောင်း ကျိုးတွေကို သိရှိနားလည်စေဖို့ ကျင်းပသွားမယ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောခဲ့တာပါ။
မြန်မာ့သနပ်ခါးပွဲတော်ကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာပါ။
ပွဲတော်ကာလအတွင်းမှာ လာရောက်လည်ပတ်မယ့် ပြည်သူတွေအနေနဲ့ ကိုယ်တိုင် သနပ်ခါး လိမ်းခြယ်နိုင်အောင် သနပ်ခါးကျောက်ပြင်နဲ့ သနပ်ခါးတုံးတွေကို ချပေးထားမယ့်အပြင် မော်လ်ဒယ်တွေနဲ့ ဇရစ်ဝိုင်းရွာက ကလေးငယ်တွေက သနပ်ခါးလိမ်းခြယ်ပေးမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒါ့အပြင် ပွဲတော်ကာလအတွင်း သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲ၊ ဓာတ်ပုံရိုက်ပြိုင်ပွဲ၊ သနပ်ခါးသွေးပြိုင်ပွဲနဲ့ သနပ်ခါးနဲ့ သက်ဆိုင်တဲ့ ရိုးရာအကတွေပါ ထည့်သွင်းကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
သနပ်ခါးတော်တွေကိုတော့ မန္တလေး၊ စစ်ကိုင်းနဲ့ ရေကြိုစတဲ့ နေရာတွေမှာ နှစ်စဉ်ကျင်းပတဲ့ ဓလေ့ရှိတယ်လို့ ပြောပါတယ်။











