DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေး အဆောက်အဦ မီးလောင်
DVB
·
February 9, 2019
ဗန်းမော်မြို့ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေး အဆောက်အဦ မီးလောင်
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် လျော့ပါးရေး အဆောက်အဦ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၆ နာရီ ၂၅ မိနစ်လောက်က ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ အာရှ ဒေသဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ်လျော့ပါးရေးအဖွဲ့အစည်းရုံး အဆာက်အဦအတွင်း ဆေးဝါးများ သိုလှောင်ဖို့ အသုံးပြုတဲ့ ရေခဲသေတ္တာ ၃ လုံးကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး/ ပျဉ်ကာ/ ပျဉ်ခင်း အုတ်ခံ ၂ ထပ် အဆောက်အဦ ၁ လုံး၊ ဆေးဝါးတွေနဲ့ ရုံးသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး မနက် ၆ နာရီ ၅၀ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ပင်ရပ်ကွက် ဗန်းမော်မြို့နေသူ ဦးနော်ပအား ဗန်းမော်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013