DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ယူနိုင်ပြီ
DVB
·
February 9, 2019
တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုခွင့် ကတ်ပြား ဖေဖော်ဝါရီ ၁၅ ရက် ထုတ်ယူနိုင်ပြီ
Donate to DVB

လာမယ့်မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စားမေးပွဲအတွက် ဖြေဆိုခွင့် ကတ်ပြားတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး ထုတ်ယူနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲ၊ တွဲဖက်နဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူတွေကတော့ ကိုယ့်ရဲ့ ကျောင်းအုပ်ကြီးတွေဆီက ထုတ်ယူရမှာဖြစ်ပြီး ပြင်ပက ဖြေဆိုသူတွေကတော့ ကိုယ်ဖြေဆိုရမယ့် စာစစ်ဌာန ကြီးကြပ်ရေးမှူးတွေဆီက ထုတ်ယူရမှာ ဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားထုတ်ယူရာမှာ အခက်အခဲရှိရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို တိုက်ရိုက်မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်နေ့ကနေ ၁၅ နေ့အထိ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013