DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်က ရွာလုံးကျွတ် ပြောင်းလာသူများကို အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
DVB
·
February 9, 2019
မောင်တောမြို့နယ်က ရွာလုံးကျွတ် ပြောင်းလာသူများကို အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
Donate to DVB

မောင်တောမြို့နယ်မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြာင့် ရွာလုံးကျွတ် နေရပ်ပြောင်းရွေ့လာတဲ့ မိသားစုဝင်တွေကို ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က လူအသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း သစ်တုံးနားကျေးရွာ အုပ်စုမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရွာလုံးကျွတ် နေရပ်ပြောင်းရွှေ့လာတဲ့ ကုန်းရွာမှ မိသားစု ၂၉ စု၊ လူဦးရေ ၁၉၄ ဦးအတွက် လူအသုံးအဆောင်ပစ္စည်းတွေ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်က ထောက်ပံ့ပေးအပ်ခဲ့တာပါ။

မိသားစုတစုစီကို တာပေါ်လင်၊ စောင်၊ ထိုင်းဖျာ၊ ဒယ်အိုး၊ ပန်းကန်၊၊ ဇွန်း၊ ဟင်းခွက်၊ ရေခွက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမျိုးသမီးသုံးပစ္စည်း၊ အ၀တ်အထည် စတဲ့ လူအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့  သစ်တုံးနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောပါတယ်။

ကုန်းရွာက မိသားစုတွေဟာ အဓိက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျန်းမာရေး၊ ပညာရေး၊ အလွန်အခက်ကြုံတွေ့နေရလို့ သစ်တုံးနားခွဆုံစုပေါင်းကျေးရွာကို ပြောင်းရွှေ့လာကြတာလို့ ဆိုပါတယ်။

သစ်တုံးနားကျေးရွာအုပ်စု ခုံတိုင်မှာ မန္တ​လေးတိုင်းနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့တွေက ​နေအိမ်တွေမှာ စုစုပေါင်း လူဦးရေ ၁၀၇၅ ဦးနေထိုင်တယ်လို့ သိရပါတယ်။

ပြည်​နယ်​လွှတ်​​တော်​အမတ်​ ဦးထွန်းလှစိန်​က​ "ကုန်းရွာက လမ်းပန်းဆက်​သွယ်​​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး အဆက်​မ​ပြေလို့ ဒီဘက်​ကို​ ရွှေ့လာတာ ဖြစ်​တယ်​။ ကုန်းရွာကို လမ်း​ဖောက်​လုပ်​နိုင်​ဖို့ လမ်းတံတားဦးစီးဌာနကို ညွှန်​ကြား​သေးတယ်​၊ သူတို့ သွား​ရောက်​​လေ့လာတယ်။ ၁၇ မိုင်​နီးပါး​ဝေးပြီး တံတား ၅ စင်း​လောက် ​ထိုးရမယ့်​​အ​နေအထား​​ကြောင့် တ​ရွာတည်းအတွက်​ ဘတ်​ဂျတ်​​ငွေ​တွေ ဒီ​လောက်​မသုံးနိုင်​ဘူး။ ဒါ​ကြောင့် ကုန်းရွာကို သစ်​တုံးနား​ကျေးရွာမှာ တည်​​ဆောက်​​ပေး​နေတဲ့ စုစည်း​ကျေးရွာ​ဆီ ​ရွှေ​ပြောင်းလာကြဖြစ်​တယ်။ အခုနှစ်​ ​နောက်​ထပ်​ ​နေအိမ်​ ၃၀၀ ​ကျော်​မှာ သူတို့အတွက်​ပါ ​နေအိမ်​​တွေ ထည့်ပေးဖို့ရှိတယ်​" လို့​ ပြောပါတယ်။

သစ်​တုံးနား​ကျေးရွာ အုပ်​စုမှာ​ ​ကျေးရွာ၊ ကုန်းရွာ၊ ဘန်​တိုင်​၊ ပျာရည်​၊ ​ကျောက်​လုံး၊ အင်း​ချောင်း၊ ​လေမြို့​ကေဒီ၊ ပန်း​ချောင်း၊ ခရု​ချောင်း၊ ​မျောက်​​ခေါင်း​တောင်​၊ အင်း​ချောင်​၊ ​ဒေါင်းရွာ စတဲ့ ရွာ ၁၁ ရွာရှိ​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013