DVB Logo
Home
မြန်မာသတင်း
ရေရှားသည့် ကြို့ပင်ကောက် ရွာ ၄ ရွာကို သောက်သုံးရေကန်လှူဒါန်း
DVB
·
February 9, 2019
ရေရှားသည့် ကြို့ပင်ကောက် ရွာ ၄ ရွာကို သောက်သုံးရေကန်လှူဒါန်း
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကန်ကြီးကျေးရွာအုပ်စုအတွင်းက နှစ်စဉ် သောက်သုံးရေရှားပါးတဲ့ ကျေးရွာ ၄ ရွာကို ရန်ကုန်က စေတနာရှင်ပရဟိတအဖွဲ့တွေ စုပေါင်းမတည်ငွေနဲ့ သောက်သုံးရေကန်တွေ တူးဖော်ပေးနေပါတယ်။

ကန်ကြီးကျေးရွာအုပ်ချူပ်ရေးမှူး ဦးနိုင်ဝင်းက "မိုးတွင်းဘက်သိုလှောင်ထားတဲ့ မိုးရေက မတ်လဆိုကုန်ပြီ၊ ဆည်မြောင်းနဲ့ ချောင်းတွေက ရေကို သွားခတ်သုံးရတယ်။ အဝီစိတွင်းတူးတော့လည်း ပေ ၅၀၀ ကျော်ကို ရေငန်ပဲ ထွက်တဲ့အတွက် သောက်သုံးဖို့ အဆင်မပြေဘူး။ သောက်သုံးရေကန်တူးဖို့ အလှူခံတဲ့အချိန်မှာ ရန်ကုန်က ကိုမျိုးဇော်ဦးနဲ့တွေ့ပြီး သူက ကန်တူးဖို့ မြေနေရာရှာပါ၊ ကုန်ကျငွေကို သူတို့ပရဟိတအဖွဲ့တွေ လှူမယ်ဆိုတာနဲ့ ကျနော်တို့မြေပိုင်ရှင်ကို အလှူခံပြီး အခုလို သောက်သုံးရေကန်ကို တူးဖော်တာ" လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ် အနောက်ခြမ်းက ရပ်ကွက်အချို့နဲ့ ကျေးရွာတွေဟာ နှစ်စဉ်သောက်သုံးရေ ရှားပါးတာ ရင်ဆိုင်နေရပြီး ပရဟိတအဖွဲ့တွေနဲ့ စတနာရှင်တွေက အလှည့်ကျရေပေးဝေနေရတာပါ။

ကြို့ပင်ကောက်မြို့နေ ကိုဇေယျာက "ကြို့ပင်ကောက်မြို့ ပရဟိတအဖွဲ့တွေ၊ စေတနာရှင် ရေလှူတဲ့ သူတွေက ရေရှားတဲ့ကျေးရွာတွေကို အလှည့်ကျကားတွေနဲ့ ရေပို့ပေးရတယ်။ ချက်ပြုတ်စားသောက်ဖို့နဲ့ သောက်သုံးဖို့ကို အဓိကထားတာပေါ့။ နွေရာသီရေရှားချိန်ဆို ရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ ဆည်မြောင်းတွေ၊ ချောင်တွေမှာ လှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ ရေခပ်ရတဲ့အတွက် နှစ်စဉ်သောက်သုံးရေပြဿနာဖြစ်နေတာ။ အခုလိုရေကန်တွေ တူးပြီး ရေသိုလှောင်ထားနိုင်ရင်တော့ ကောင်းပါတယ်။ ၁ ကန်ကို ကျေးရွာသုံးလေးရွာလောက် မှီခိုလို့ရပါတယ်" လို့ ပြောပါတယ်။

နှစ်စဉ်သောက်သုံးရေရှားပါးတဲ့ ကန်ကြီးကျေးရွာအုပ်စုက ကျေးရွာ ၄ ရွာကို အလှူရှင်တွေက သိန်း ၅၀  မတည်လှူဒါန်းခဲ့ပြီး အနက် ၉ ပေနဲ့ ပေ ၂၀၀ ပတ်လည် သောက်သုံးရေကန်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က စတင်တူးဖော်နေပြီး တပတ်အတွင်း အပြီး တူးဖော်သွားမယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013