DVB Logo
Home
မြန်မာသတင်း
ချင်းလူမျိုး ၁၀၀ ကျော်ကို အေအေတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက် ခေါ်ဆောင်သွား
DVB
·
February 8, 2019
ချင်းလူမျိုး ၁၀၀ ကျော်ကို အေအေတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက် ခေါ်ဆောင်သွား
Donate to DVB

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခေါ်သွားတဲ့သူတွေထဲမှာ ချင်းလူမျိုး ၁၀၀ ကျော် ပါသွားတယ်လို့ ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ပြည်သူ ၂၀၀ ကျော်ကို ရက္ခိုင့်တပ်မတော်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိနေတဲ့သူတွေကို မေးမြန်း အတည်ပြုချက်အရ ချင်းလူမျိုး ၁၀၀ ကျော်လောက် ရောက်လာတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဒီဗွီဘီကိုပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ထုတ် အစိုးရသတင်းစာမှာတော့ မူလတန်း ကျောင်းသားကျောင်းသူ ၃၈ ဦး အပါအဝင် ရခိုင်တိုင်းရင်းသားနဲ့ တခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ လောက်ကို အေအေအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခေါ်ဆောင်သွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အေအေတပ်ဖွဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ ဇန်နဝါရီ ၂၀ ရက်ကျော်လောက်က တပ်မတော်ကနေ လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်တာကို ကြောက်ပြီး တောထဲမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို တွေ့လို့ ဘေးလွတ်ရာကို ခေါ်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို လိုက်ပို့ခဲ့တာလို့ ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဒေသမှာ ထိတွေ့တိုက်ပွဲတွေ မရှိသလို လေယာဉ်တွေနဲ့ တိုက်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကတော့ တိုက်ပွဲတွေ ဖြစ်လာရင် ချင်းလူမျိုးတွေဟာ အစိုးရထိန်းချုပ်တဲ့ မြို့တွေထဲကိုသာ ထွက်ပြေးလေ့ရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလေ့မရှိဘူးလို့ ပြောပါတယ်။

တပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူ ၆၀၀၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013