DVB Logo
Home
မြန်မာသတင်း
တရားသူကြီးများ တရားခွင်တွင် ကျမ်းကျိန်ရန် အမျိုးသားလွှတ်တော် အတည်ပြု
DVB
·
February 8, 2019
တရားသူကြီးများ တရားခွင်တွင် ကျမ်းကျိန်ရန် အမျိုးသားလွှတ်တော် အတည်ပြု
Donate to DVB

တရားသူကြီးတွေအနေနဲ့ တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုကြဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ပြည်သူတွေ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ပေါ်စေဖို့ တရားသူကြီး၊ အမှုသည်နဲ့ သက်သေတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး တရားသူကြီးတွေဟာ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းကျိန်ပြီးဖြစ်တာကြောင့် မှတ်တမ်းအဖြစ်ထားဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက ပြောပေမယ့် အဆိုရှင်က လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူမယ်လို့ ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲများလို့ အဆိုကို အတည်ပြုလိုက်တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က “အခုလို အဆိုကို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမျှတတဲ့ တရားစီရင်ရေး ဖြစ်မဖြစ် ဆိုတာကတော့ တရားစီရင်ရေးအာဏာကို ကျင့်သုံးတဲ့သူတွေပေါ်မှာပဲ မူတည်တယ်။ တရားလွှတ်တော်ချုပ် အပိုင်းကနေ တခြားအပိုင်းတွေကနေ ထိန်းကျောင်းတာတွေလည်း လုပ်ဆောင်နေတယ်” လို့  ပြောပါတယ်။

လက်ရှိတရားခွင်တွေမှာ တရားသူကြီးတွေဟာ ကျမ်းကျိန်တာမရှိဘဲ အမှုတွေကို စီရင်နေတာ ဖြစ်ပါတယ်။

ဒီအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၁၄ ဦး ထောက်ခံဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်တာမှာလည်း ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၃ မဲ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013