DVB Logo
Home
မြန်မာသတင်း
ကယားတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အတွက် ပံ့ပိုးမည့်ငွေ ဗိုလ်ချုပ်ရုပ်တုအတွက် အသုံးပြု
DVB
·
February 8, 2019
ကယားတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အတွက် ပံ့ပိုးမည့်ငွေ ဗိုလ်ချုပ်ရုပ်တုအတွက် အသုံးပြု
Donate to DVB

ကယားပြည်နယ် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့တွေအတွက် ပံ့ပိုးကူညီမယ့်ငွေကို ဗိုလ်ချုပ်ကြေးရုပ်မှာ သုံးလိုက်တာကို စိတ်မကောင်းဖြစ်မိတယ်လို့ မော်ချီးတောင်တန်းဒေသ ဖွံဖြိုးရေးအသင်း ဥက္ကဋ္ဌ စောဆာကဘရူရီူးက ပြောပါတယ်။

၂၁ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့အပေါ် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အခုလိုပြောဆိုခဲ့တာပါ။

“အခုက တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေကို ပံ့ပိုးကူညီမယ့် ပိုက်ဆံကို အဲဒီမှာမသုံးဘဲ ကြေးရုပ်မှာ သွားသုံးတယ်ဆိုတော့ ကျနော်တို့ရပိုင်ခွင့်က ပျောက်သွားပြီ” လို့ စောဆာကဘရူရီူးက ဆိုပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့နေရာဟာ အများပိုင်မြေဖြစ်တာကြောင့် တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလည်းရယူဖို့လိုပြီး ကန့်ကွက်ခဲ့တဲ့ ကရင်နီလူငယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မဲဆွယ်စဉ်က ၀ိုင်းဝန်းကူညီခဲ့သူတွေဖြစ်တယ်လို့လည်း စောဆာကဘရူရီူး က ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုဖွင့်ပွဲကို လွိုင်ကော်မြို့ ကန္ဒာဟေ၀န်ပန်းခြံမှာ ဖေဖော်ဝါရီ ၂ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒေသခံကရင်နီလူငယ်တချို့က ပြည်နယ် အန်အယ်လ်ဒီ ပါတီရုံးရှေ့မှာ ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က အာဏာပိုင်တွေက  သပိတ်စခန်းကိုဖြိုခွဲခဲ့ပြီး သပိတ်မှောက် ကရင်နီခေါင်းဆောင် ၄ ဦးနဲ့ လူငယ် ၃၂ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013