DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 8, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၅၉၆၀၀ ကျပ် ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲတအိတ်ကို ၆၃၀၀၀ ကနေ ၆၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၀၅၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) က ပိသာ ၆၀ ဝင်တအိတ်ကို ၇၈၅၀၀ ကနေ ၇၉၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၈၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 (အဟောင်း) က ၅၇ ဒသမ ၂၅ ပိသာဝင် တအိတ်ကို ၇၁၀၀၀ ကနေ ၇၂၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၇၂၆၀၀ ပေါက်ဈေးရှိပြီး ၂၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံက ၄၅ ပိသာဝင် တအိတ်ကို ၂၂၀၀၀၀ ကနေ ၂၄၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေး ကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၅၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက တအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၆၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၀၀၀၀ ကနေ ၁၆၆၅၀၀ အထိ ပေါက်ဈေးရှိပြီး မနေ့ကဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၉၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၇၂၀ ကနေ ၁၇၂၅ အထိ ပေါက်ဈေးရှိပြီး ၃၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိသာကို ၁၇၆၀ ကနေ ၁၇၇၀ အထိ ပေါက်ဈေးရှိပြီး ၃၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၄၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဈေးပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယက ပဲအဝယ်ပိတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲက ရုတ်တရက် ဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ငွေဈေးကလည်း အနည်းငယ် ပြန်တက်လာခဲ့သလို မတ်ပဲကလည်း အဟောင်းလက်ကျန် နည်းနေပြီဖြစ်တဲ့အတွက် ပြည်တွင်းမှာ ဈေးအနည်းငယ် တက်လာခဲ့ပါတယ်။

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့နှစ်က ပဲဈေးတွေ ကျဆင်းခဲ့တဲ့အတွက် ပဲတောင်သူတွေက ပဲစင်းငုံနီကို လျော့ချစိုက်ပျိုးခဲ့တဲ့အတွက် လက်ရှိမှာ အဝင်နည်းပြီး ဈေးက တက်လာနေပါတယ်။ ဒါ့အပြင် တခြား ပြည်ပတွေက ဝယ်ယူမှုတွေ ရှိနေတဲ့အတွက် ပဲစင်းငုံနီက ဒီတပတ်မှာတော့ တတန်ကို ငွေကျပ် ၅ သောင်းလောက် ပြန်တက်လာခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ စားအုန်းဆီပဲဖြစ်ပါတယ်။ စားအုန်းဆီကတော့ ငွေလဲလှယ်နှုန်း မြင့်လာတာ ဖြစ်တဲ့အတွက် ဈေးတွေလည်း တက်လာခဲ့ပါတယ်။ ဒီတပတ်မှာ စားအုန်းဆီက တပိသာကို ၄၀ လောက် တက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013