DVB Logo
Home
မြန်မာသတင်း
အရန်ဆန်ဝယ်ပြီး တရုတ်ပို့သည့်ကုန်သည် ဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
September 25, 2012
အရန်ဆန်ဝယ်ပြီး တရုတ်ပို့သည့်ကုန်သည် ဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

အများပြည်သူအတွက် ရောင်းချပေးနေတဲ့ အရန်ဆန်တွေကို မန္တလေးကုန်သည်တွေက ၀ယ်ယူပြီး တရုတ်ပြည် တင်ပို့နေတယ်ဆိုတဲ့ သည်ဗွိုင့်စ်ဂျာနယ်ပါ သတင်းနဲ့ ပတ်သက်ပြီး မန္တလေး ဆန်စပါးလုပ်ငန်းရှင် အသင်းက ဒီနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ၀ယ်ယူတဲ့ ကုန်သည်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်ထုတ် သည်ဗွိုင့်စ်ဂျာနယ်မှာ ရန်ကုန်မြို့ကုန်စည်ဒိုင်မှာ  အများပြည်သူတွေ အတွက် ဖြန့်ဖြူး ရောင်းချပေးနေတဲ့ အရန်ဆန်ကို မန္တလေးကုန်သည်တွေ လာရောက်ဝယ်ယူပြီး တရုတ်ပြည်ကို တင်ပို့ရောင်းချနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက သတင်းပြန်ကြားရေးတာဝန်ခံ ဒေါက်တာစိုးထွန်း ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

[caption id="attachment_31243" align="alignright" width="300" caption="မန္တလေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်း ရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-ချစ်ကို)"][/caption]

မန္တလေး ဆန်စပါးလုပ်ငန်းအသင်းက တွဲဖက်အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက “ဂျာနယ်မှာပါလာတော့ မန္တလေးတိုင်း ဆန်စပါးလုပ်ငန်းအသင်းက ၀ယ်ယူပြီး ရောင်းချတာမျိုးမရှိဘူး။ ကျနော်တို့နဲ့လည်း မပတ်သက်ဘူးဆိုတဲ့အကြောင်း၊ မန္တလေးဆန်စပါးလုပ်ငန်းအသင်းက ဖြန့်ဖြူးပြီးရောင်းချတာလည်း မဟုတ်ဘူး။ ဆန်ကုန်သည် ၀ယ်တာကတော့ သူတို့က သိပါတယ် ရေးထားတာကို. သိတဲ့လူကို အရေးယူပေးပါပေါ့။ ၀ယ်တဲ့လူတွေကိုလည်း သိပါတယ်တဲ့။ သိလျက်သားနဲ့ တရုတ်ပြည်ပို့တဲ့ သူတွေကို ရောင်းချလိုက်တယ် ဆိုတော့ ရောင်းသူရော၊ ၀ယ်သူရော တာဝန်ရှိတယ်။ အဲ့တာဝန်ကို မန္တလေးဆန်စပါးလုပ်ငန်းအသင်းနဲ့ မပတ်သက်ဘူး။ ကျနော်တို့က ထောက်ခံပြီး ရောင်းခိုင်းတာ မဟုတ်ဘူး။ ကျနော်တို့ သိသလောက် လေ့လာကြည့်တော့ ကျနော်တို့ တော်တော်များများကတော့ သွားမ၀ယ်ကြဘူး” လို့ ပြောပါတယ်။

သူတို့အသင်းဝင်တွေက အသင်းအပေါ် တမျိုးတမည်မြင်မှာ စိုးတဲ့အတွက် အခုလို ရှင်းရတာလို့လည်း ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးနေတာကို အကြောင်းပြုပြီး ဆန်ဈေး တက်မလာအောင် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက  စက်တင်ဘာ ၁ ရက်ကစပြီး အရန်ဆန်ထဲက တနေ့ အိတ် ၁ သောင်း ရန်ကုန်ကုန်စည်ဒိုင်မှာ ထုတ်ရောင်းပေးနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းရဲ့ ဒေါက်တာစိုးထွန်းက “ကျနော်က ဆန်ရောင်းတဲ့သူတွေကိုပဲ စာရင်းလုပ်ထားတာရှိတာကိုး။ ဒါပေမယ့် သူတို့ကို အသေးစိတ်တော့ ပြန်မရှင်းခိုင်းဘူး။ ဒါပေမယ့် ရောင်းချတဲ့အခါ ၀ယ်ယူတဲ့သူတွေအတွက် စာရင်းလုပ်ထားတာရှိပါတယ်။ ဒါကို အသေးစိတ်ပြန်ရှင်းနေရင် တယောက်နဲ့ တယောက်က မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ အထောက်အထားတော့ ရှိတယ်။ ၀ယ်တဲ့သူတွေကို စာရင်းသွင်းထားတာတော့ ရှိတယ်။ ဆန်ဝယ်တယ်ဆိုတာက ဒီအတိုင်းဝယ်လို့မရဘူးလေ။ ဘောက်ချာဖွင့်၊ ပြီးမှ အပြီးထုတ်ဖို့အတွက် ဒီဂိုဒေါင်က ပြန်ထုတ်တာ။”

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ဧည့်မထဆန် ၁ အိတ် ကျပ် ၁ သောင်းခွဲနဲ့ တနေ့ အိတ် ၁ သောင်း ရောင်းချပေးနေတုန်း ဖြစ်ပါတယ်။  နိုင်ငံမှာ သဘာဝဘေးဒဏ် သင့်ခဲ့ရင် ဖြန့်ဖြူးရောင်းချပေးဖို့ဆိုပြီး ဆန်စပါး အသင်းက ပြီးခဲ့တဲ့ နှစ်ကစလို့ နိုင်ငံတော်အရန်ဆန် ဆိုပြီး ၀ယ်ယူထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013