DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ဖြူဖြူဟန်ရဲ့ အသည်းကွဲအထိမ်းအမှတ်သီချင်း(ရုပ်သံ)
DVB
·
February 8, 2019
အွန်လိုင်းပေါ်နာမည်ကြီးနေသည့် ဖြူဖြူဟန်ရဲ့ အသည်းကွဲအထိမ်းအမှတ်သီချင်း(ရုပ်သံ)
Donate to DVB

“နေရောကောင်းရဲ့လား… အချစ်ရေးတော့ မမေးတော့ပါ… ငါစိတ်ပူနေလည်း… နောက်လူရင်ထဲမှာ… အိမ်ပြောင်းသွားပြီလား… အရင်ကလောက် မတွေ့တော့ပါ… စောင့်မျှော်နေလည်း… နောက်ပေါ်မလာတော့ပါ… ဗေဒင်မေး ယတြာတွေချေ… ပြန်အဆင်ပြေဖို့ လိုပါတယ်… အချစ်ရေ”

ဒါကတော့ လတ်တလော အွန်လိုင်းပရိသတ်တွေကြား နာမည်ကြီးနေတဲ့ အသဲကွဲ အထိမ်းအမှတ် အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ပရိသတ်ကြိုက် နာမည်ကြီး လူငယ်တေးရေးဆရာ ဝေကြီးက ရေးစပ်ပေးထားပြီး အဆိုတော် ဖြူဖြူဟန်က သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

“နင်ပြန်လာမယ် ငါထင်နေလို့… မင်းသိပ်ချစ်မယ် ထင်လို့… နောက်ထပ်တခေါက် အသဲကွဲရမယ့် အဖြစ်အပျက်ကို… လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး… မင်းအရမ်းချစ် တယ် ထင်လို့… နောက်ထပ်တခေါက် အသဲကွဲရမယ့် အဖြစ်အပျက်ကို… လက်ခုပ်တီး ကာ ဖွင့်ပွဲကြီးလုပ်နေသလို”

မန္တလေးမြို့ဇာတိဖြစ်တဲ့ ဖြူဖြူဟန်ဟာ ၂၀၁၀ ပြည့်နှစ် Myanmar Super Star သီချင်းဆိုပြိုင်ပွဲမှာ  ‘ပထမဆု’ ရရှိခဲ့သူဖြစ်ကာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေ သူ ဖြစ်ပါတယ်။

“စိတ်ပြောင်းသွားပြီလား… သူငယ်ချင်းက မေးတဲ့အခါ… ငါစိတ်ကုန်ပေမယ့်… ငါ့ ရင်ဘတ်ထဲမှာ… နေရောကောင်းရဲ့လား… အရင်ကလောက် မတွေ့တော့ပါ… စိတ်ပူနေ လည်း နောက်လူရင်ထဲမှာ… ဗေဒင်မေးရင် ဆံကုန်မယ်လေ… ပြန်မဆုံနိုင်သ၍ မျှော်နေ မယ် အချစ်ရေ”

အသည်းကွဲသီချင်းတပုဒ်ကို ဆွေးဆွေးရှရှနဲ့ ခပ်ပြင်းပြင်း အသံပါဝါအားကောင်း ကောင်းနဲ့ သီဆိုတတ်တဲ့ ဖြူဖြူဟန်ရဲ့ ပုံစံအတိုင်း ဒီသီချင်းထဲမှာ ခံစားရမှာဖြစ်သလို သူ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

“နင်ပြန်လာမယ် ယုံကြည်နေလို့… သိပ်ရက်စက်မယ် မထင်လို့… နောက်ထပ်တ ခေါက် အသဲကွဲရမယ့် အဖြစ်အပျက်ကို… လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး… မင်း သိပ်ချစ်တယ် ထင်လို့… ဒုတိယမြောက် အသဲကွဲရမယ့် နေ့ရက်ကို… လက်ခုပ်တီးကာ ဖွင့်ပွဲကြီးလုပ်နေသလို”

ဒီသီချင်းဟာ Noize Game 2 အမည်ရတဲ့ အတွဲသီချင်းခွေထဲမှာ ပါဝင်သီဆိုခဲ့တာ ဖြစ်ပြီး ဖြူဖြူဟန်နဲ့အတူ တခြား အဆိုတော်တွေဖြစ်ကြတဲ့ B for Boys ၊ လွှမ်းရတီဇော် ၊ ရွှေပိုးကောင်နဲ့ ဂျက်စီကာပယ်ရီတို့နဲ့အတူ ၂၀၁၇ ခုနှစ်မှာ အော်ဒီယိုစီဒီအနေနဲ့ ထွက်ရှိ ထားခဲ့တာပါ။

လက်ရှိမှာတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းစတိုရီပုံစံနဲ့ ထွက်ရှိခဲ့ပြီး ပရိသတ်ကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013