DVB Logo
Home
မြန်မာသတင်း
ပလက်ဝကို အေအေပိုင်နက်နယ်မြေအဖြစ် သတ်မှတ်မည့်အပေါ် ကန့်ကွက်
DVB
·
February 7, 2019
ပလက်ဝကို အေအေပိုင်နက်နယ်မြေအဖြစ် သတ်မှတ်မည့်အပေါ် ကန့်ကွက်
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အေအေလက်နက်ကိုင်အဖွဲ့ကနေ စည်းရုံးရေးဆင်းပြီး သူတို့ပိုက်နက် နယ်မြေအဖြစ် သတ်မှတ်မယ်ဆိုတာကို လုံးဝကန့်ကွက်တယ်လို့ ချင်းပြည်နယ် ကန်ပက်လက်က ၀ီတိုရိယ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမနားရှင်းက ပြောပါတယ်။

အေအေလက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တိုက်ပွဲတွေဖြစ်နေတဲ့အပေါ် ချင်းပြည်နယ်မှာ မငြိမ်းချမ်းမှုတွေ ရှိနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်တဲ့ ၂၁ ကြိမ်မြောက် အရပ်ဘက် အဖွဲ့အစည်းငြိမ်းချမ်းရေး ဖိုရမ်မှာ ဦးမနားရှင်းက အခုလိုပြောဆိုခဲ့တာပါ။

ချင်းပြည်နယ်မှာ အေအေလက်နက်ကိုင်အဖွဲ့က လူအင်အားစုဆောင်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သူတို့ပိုင်နက်အဖြစ် ကြေညာထားတဲ့အပေါ် ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ပြောပါတယ်။

“အေအေကနေပြီးတော့ ချင်းပြည်နယ် ပလက်ဝဟာ ကျနော်တို့ရဲ့ ပိုင်မြေဖြစ်တယ် ဆိုပြီးတော့ စည်းရုံးရေးဆင်းနေတယ်။ အဲဒါတော့ ကျနော်တို့ ချင်းလူမျိုးအားလုံးက ကန့်ကွက်ပါ တယ်။ ကျနော်တို့ပြည်နယ်မှာရှိတဲ့ မြို့နယ်က အခုမှ သူတို့မြို့နယ်အဖြစ် သတ်မှတ်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကိုတော့ အေအေ အနေနဲ့ ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ပြောချင်တယ်” လို့ ဦးမနားရှင်းကပြောပါတယ်။

တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ ခုကို ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၁၃ ဦး ကျဆုံးခဲ့သလို ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်အထိ တပ်မတော်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013