DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆို
DVB
·
February 7, 2019
ရခိုင်စစ်ဘေးရှောင် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆို
Donate to DVB

တပ်မတော်နဲ့ အေအေ လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာပြီး ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြတဲ့ ကျောင်းသူကျောင်းသား ၈၅၀ ကျော်ကို နေရာခွဲပြီး  စာမေးပွဲစစ်ဆေးပေးနေပါတယ်။

နိုင်ငံတ၀န်း အခြေခံပညာကျောင်းအသီးသီးမှာ စာမေးပွဲတွေဖြေဆိုနေကြသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ရခိုင်ပြည်နယ် မြို့နယ်လေးမြို့ထဲကကျောင်းသူ၊ ကျောင်းသား ၈၅၉ ဦးကိုလည်း နေရာ ၃၃ ခုမှာ ခွဲပြီးသီးခြားစီ စာမေးပွဲတွေစစ်ဆေးနေတယ်လို့ ပြည်နယ်ပညာရေးဌာနကပြောပါတယ်။

ဒီကျောင်းသူကျောင်းသားတွေဟာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက ထွက်ပြေးလာကြတာဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွေ ယာယီ ခိုလှုံနေထိုင်နေကြတာပါ။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ သွားလာလို့ မရတဲ့နေရာတွေမှာ ကျောင်းဝတ်စုံတွေ၊  ကျောင်းစာအုပ်တွေ သင်ပြဆရာ၊ ဆရာမတွေလုံလောက်မှုရှိစေဖို့ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးကတဆင့် ပံ့ပိုးပေးနေတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

အဲဒီကျောင်းသူကျောင်းသားတွေကို လက်ရှိပညာသင်ကြားပေးနေတဲ့ သက်ဆိုင်ရာကျောင်း တွေက မေးခွန်းတွေနဲ့ပဲ စစ်ဆေးပေးနေတဲ့အပြင် ကျောင်းသားတွေ အဆင်ပြေစေဖို့ တိုက်ပွဲတွေမှာ အတူပါလာတဲ့ ဆရာဆရာမတွေက စာသင်ပြပေးခဲ့ကြတာပါ။

တပ်မတော်က ဆန်ရိက္ခာသယ်ဆောင်သွားလာခွင့် တင်းကျပ်ထားတဲ့ သလူချောင်း ကျေးရွာမှာလည်း ဆရာ၊ ဆရာမတွေထားရှိထားပြီး ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲ စစ်ဆေးနေပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ် မြို့နယ် လေးမြို့နယ်က စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာသူပေါင်း ၆၀၀၀ ကျော်ရှိနေတယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013