DVB Logo
Home
မြန်မာသတင်း
အမှန်တကယ်အလုပ်လုပ်မည့်သူကိုသာ မဲပေးရန် စည်ပင်ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း
DVB
·
February 7, 2019
အမှန်တကယ်အလုပ်လုပ်မည့်သူကိုသာ မဲပေးရန် စည်ပင်ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း
Donate to DVB

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲပေးကြမယ့်သူတွေအနေနဲ့ မိမိမြို့နယ်အတွက် အမှန်တကယ်အလုပ်လုပ်မယ့်သူတွေကိုသာ မဲပေးကြဖို့ စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ ရက်မှာ စတင်တော့မှာပါ။ ဒီရွေးကောက်ပွဲမှာ မဲပေးတဲ့အခါမှာ အဂတိတရားလေးပါးနဲ့ ခင်မင်လို့၊ အမြင်ကပ်လို့ဆိုတဲ့ စိတ်ခံစားမှုတွေနဲ့ မဲမပေးဘဲ မိမိမြို့နယ်အတွက် အမှန်တကယ် အလုပ်လုပ်မယ့်သူကိုသာမဲပေးဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ တကယ်အလုပ်လုပ်နိုင်မယ့်သူတွေကို  မဲပိုမပေးရင် မြို့နယ်မတိုးတက်ပဲ အရင်တိုင်းပဲဖြစ်နေမယ်လို့လည်း ဆိုပါတယ်။

စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေကို အသိပေးပညာပေးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လာရောက်ကမ်းလှမ်းထားတဲ့ အရပ်ဖက်အဖွဲ့စည်းတွေရှိနေပြီး အရပ်ဖက်အဖွဲ့စည်းတွေနဲ့ပူးပေါင်းကာ  လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားဖို့ရှိနေ တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ဖေဖော်ဝါရီ ၂၈ရက်ကနေ မတ်လ၃၀ရက်အထိ  တရားဝင် စည်းရုံးမဲဆွယ်ခွင့်ပေးထားပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ခြောက်ခုက ကော်မတီဝင်ခြောက်ဦး၊ မြို့နယ်တမြို့နယ်မှာ  မြို့နယ်ဥက္ကဋ္ဌတဦးနဲ့ အဖွဲ့ဝင်နှစ်ဦး ရွေးကောက်မှာပါ။ မြို့နယ်၃၃မြို့နယ်အတွက် ၉၉ဦး စုစုပေါင်း ၁၀၅ဦး ရွေးချယ်တင်မြောက်သွားမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013