DVB Logo
Home
မြန်မာသတင်း
ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး အလှူရှင်လိုအပ်နေ
DVB
·
February 7, 2019
ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး အလှူရှင်လိုအပ်နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ခွေးကိုက်ခံရသူတွေများနေပြီး ခွေးရူးပြန်ကာကွယ်ဆေး လုံလောက်မှုမရှိတဲ့အတွက် အရေးပေါ် ဆေးအလှူရှင်တွေ လိုအပ်နေပါတယ်။

ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ခွေးကိုက်ခံရသူတွေကို ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ ထိုးပေးနေပေမယ့် အခုနောက်ပိုင်းမှာ ခွေးကိုက်ခံရသူတွေ တနေ့ကို ၁၀၀ လောက်အထိ များလာတဲ့အတွက် ၂၀၁၈ နိုဝင်ဘာလလောက်ကတည်းက ဆေးရုံမှာ ခွေးရူးပြန် ကာကွယ်ဆေး ကုန်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဆေးရုံအုပ်ကြီးကနေ ပြင်ပအလှူရှင်တွေရဲ့ အကူအညီနဲ့ ကုသပေးနေပေမယ့် တလကို ကျပ်သိန်း ၂၀၀ လောက် ကုန်ကျနေတာကြောင့် ကာကွယ်ဆေး ဆက်ထိုးပေးဖို့ အခက်ခဲတွေ ဖြစ်နေတယ်လို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ပြောပါတယ်။

“အရင်တုန်းကတော့ အခုလို ဆေးကုန်သွားရင် ဆေးရုံမှာ ဆေးကုန်သွားပါပြီဆိုပြီး ဆိုင်းဘုတ်တပ်ထားလေ့ ရှိကြပါတယ်။ ကျနော်တော့ အဲဒီလိုလည်း မလုပ်ချင်ပါဘူး။ ဒါကြောင့် အားလုံးပူးပေါင်းပါဝင်ပြီး လှူဒါန်းပေးကြမယ်ဆိုရင် အဆင်ပြေပါတယ်။ အခုတော့ ခွေးကိုက်ခံရတဲ့နှုန်းက များလာတယ်။ ခွေးကိုက်ခံရပြီဆိုရင် လူတယောက်ကို လေးကြိမ် ထိုးပေးရတယ်။ အဲဒီတော့ ဆေးက ခါတိုင်းမှန်းထားတာထက် သုံးတဲ့နှုန်းက ပိုများတော့ ဆေးက ပျတ်သွားတာပါ။ အစိုးရကလည်း ဆေးကိုဝယ်ပါတယ်။ ၀ယ်ဖို့လည်း အစီအစဉ် ဆွဲထားပြီးသားပါ။ ဒါပေမယ့် ၀ယ်တဲ့နေရာမှာ တင်ဒါစနစ်နဲ့ဖြစ်နေတော့ အဲဒီ တင်ဒါလုပ်ငန်းစဉ် ကာလမှာ ဆေးကပြတ်သွားတာ။”

ခွေးရူးပြန်ရောဂါကို ကာကွယ်ဖို့အတွက် လူတွေအနနဲ့ ခွေးကိုက်မခံရအောင်နေကြဖို့၊ ခွေးနဲ့လူနဲ့ထိတွေ့မှု နည်းနိုင်သမျှနည်းဖို့နဲ့ ခွေးတွေရဲ့ ပေါက်ဖွားနှုန်းကိုလည်း လျော့ချဖို့ ဆရာဝန်ကြီးက အကြံပြုပါတယ်။

ပဲခူးဆေးရုံကြီးအနေနဲ့ ကာကွယ်ဆေးတွေကို အလေအလွင့်မဖြစ်ရလေအောင် ခွေရူးပြန် ကာကွယ်ဆေးထိုးမယ့်သူတွေကို နေ့စဉ် နေ့လယ် ၂ နာရီမှသာ ထိုးပေးပြီး ဆေးတလုံးကို နှစ်ယောက်နှုန်းနဲ့ စနစ်တကျ ထိုးပေးနေတယ်လို့ သိရပါတယ်။

သတင်း- အောင်စိုးမိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013